Quran Apps in many lanuages:

Surah At-Tur Ayahs #27 Translated in Burmese

يَتَنَازَعُونَ فِيهَا كَأْسًا لَا لَغْوٌ فِيهَا وَلَا تَأْثِيمٌ
၎င်းတို့မှာ ယင်း ‘ဂျန္နတ်’ သုခဘုံ၌ အရက်အပြည့်ရှိသော ခွက်များကို လုယက်ယူငင်ကြပေမည်။ ယင်းအရက်(ကိုသောက်သုံးခြင်း)၌ အချည်းနှီးသော စကားပြောဆိုမှု ရှိလိမ့်မည်မဟုတ်ပေ။ အပြစ်ဖြစ်ရန် အကြောင်းလည်း ရှိချိမ့်မည် မဟုတ်ပေ။
وَيَطُوفُ عَلَيْهِمْ غِلْمَانٌ لَهُمْ كَأَنَّهُمْ لُؤْلُؤٌ مَكْنُونٌ
ထိုမှတစ်ပါး ၎င်းတို့ထံ ၎င်းတို့ ပိုင်ဆိုင်ကြကုန်သော လုလင်တို့သည် (ထိုမှ-ဤမှ) လှည့်ပတ် သွားလာလျက် ရှိကြပေမည်။ ထို ကံကျွေးလုလင်တို့မှာ လုံခြုံစွာထားရှိသော ပုလဲများကဲ့သို့ပင် ရှိကြပေမည်။
وَأَقْبَلَ بَعْضُهُمْ عَلَىٰ بَعْضٍ يَتَسَاءَلُونَ
ထို့ပြင် ၎င်းတို့အနက် တစ်ဦးသည်တစ်ဦး၏ ဘက်သို့လှည့်ကာ အချင်းချင်း စုံစမ်းမေးမြန်းကြပေမည်။
قَالُوا إِنَّا كُنَّا قَبْلُ فِي أَهْلِنَا مُشْفِقِينَ
၎င်းတို့သည် (ဤသို့) ပြောဆိုကြပေမည်။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် ယခင်က မိမိတို့အိမ်သူ အိမ်သားတို့နှင့်ရှိနေစဉ် ကြောက်ရွံ့စိုးရိမ်လျက် ရှိခဲ့ကြကုန်၏။
فَمَنَّ اللَّهُ عَلَيْنَا وَوَقَانَا عَذَابَ السَّمُومِ
သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အပေါ်၌ ကျေးဇူးပြုတော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ကျွန်ုပ်တို့အား အပူအရှိန် ပြင်းလှစွာသော ‘ဂျဟန္နမ်’ ငရဲ၏ပြစ်ဒဏ်မှလည်း ကင်းလွတ်စေတော် မူခဲ့၏။

Choose other languages: