Quran Apps in many lanuages:

Surah At-Tur Ayahs #19 Translated in Burmese

أَفَسِحْرٌ هَٰذَا أَمْ أَنْتُمْ لَا تُبْصِرُونَ
သို့ဖြစ်ပေရာ ဤသည် စုန်းပယောဂ ဖြစ်လေသလော၊ သို့တည်းမဟုတ် အသင်တို့သည် (ယခုတိုင်) မမြင်ကြလေသလော။
اصْلَوْهَا فَاصْبِرُوا أَوْ لَا تَصْبِرُوا سَوَاءٌ عَلَيْكُمْ ۖ إِنَّمَا تُجْزَوْنَ مَا كُنْتُمْ تَعْمَلُونَ
အသင်တို့သည် ယင်းငရဲမီးထဲသို့ ဝင်ရောက်ကြလေကုန်။ ထို့နောက် အသင်တို့သည် သည်းခံကြသည်ဖြစ်စေ၊ သည်းမခံကြသည်ဖြစ်စေ၊ အသင်တို့ အဖို့ အကြောင်းမထူးပြီ။အသင်တို့သည် မိမိတို့ ကျင့်မူခဲ့ကြသော အမှုကိစ္စများနှင့် စပ်လျဉ်း၍ အစားပေးခြင်းကို ခံကြရသည်သာတည်း။
إِنَّ الْمُتَّقِينَ فِي جَنَّاتٍ وَنَعِيمٍ
ဧကန်မလွဲ ‘မွတ္တကီ’ သူတော်စင်တို့မှာကား ဥယျာဉ်များ၌လည်းကောင်း၊ အံ့မခန်းသုခ၌လည်းကောင်း၊ ရှိကြပေမည်။
فَاكِهِينَ بِمَا آتَاهُمْ رَبُّهُمْ وَوَقَاهُمْ رَبُّهُمْ عَذَابَ الْجَحِيمِ
၎င်းတို့သည် ၎င်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က ၎င်းတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သော သစ်သီးဝလံများကို စားသုံးလျက်ရှိကြပေမည်။ (တစ်နည်း) [ချီးမြှင့်ပေးသနားတော်မူခဲ့သော စည်းစိမ်များကြောင့် ဝမ်းမြောက်ပျော်ရွှင် လျက်ရှိကြပေမည်။] ထိုမှတစ်ပါး ၎င်းတို့ကို ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အလျှံပြောင်ပြောင် တောက်လောင်လျက်ရှိသော ငရဲမီး ပြစ်ဒဏ်မှလည်း လွတ်ကင်းစေတော်မူပေမည်။
كُلُوا وَاشْرَبُوا هَنِيئًا بِمَا كُنْتُمْ تَعْمَلُونَ
(ထိုမှတစ်ပါး ၎င်းတို့သည် ဤသို့ မိန့်ကြားတော်မူခြင်းကို ခံကြရပေမည်)။ အသင်တို့သည် မိမိတို့ ကျင့်မူလျက် ရှိခဲ့ကြလေသော ကောင်းမှုတို့၏အစား အရသာခံစားကြလျက်(မြိန်ရှက်စွာ) စားသောက်ကြလေကုန်။

Choose other languages: