Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #97 Translated in Burmese

مِنْ دُونِ اللَّهِ هَلْ يَنْصُرُونَكُمْ أَوْ يَنْتَصِرُونَ
အလ္လာဟ်အရှင်မြတ်အား စွန့်၍ (အသင်တို့ ကိုးကွယ်လျက်ရှိခဲ့ကြသော) ကိုးကွယ်ရာများသည်(ယခု)အသင်တို့အား ကူညီနိုင်ကြလေသလော။ သို့တည်းမဟုတ် ၎င်းတို့သည် မိမိတို့ကိုယ်ကို ကယ်တင်နိုင်ကြလေသလော။
فَكُبْكِبُوا فِيهَا هُمْ وَالْغَاوُونَ
ထို့နောက် ထိုသူတို့သည်လည်းကောင်း၊ လမ်းလွဲသူတို့သည်လည်းကောင်း၊ ‘ဂျဟန္နမ်’ငရဲ၌ စောက်ထိုးပစ်ချခြင်းကို ခံကြရပေမည်။
وَجُنُودُ إِبْلِيسَ أَجْمَعُونَ
ထိုမှတစ်ပါး အစ်ဗ်လီစ်၏ ဗိုလ်ခြေအပေါင်းတို့သည်လည်းကောင်း၊
قَالُوا وَهُمْ فِيهَا يَخْتَصِمُونَ
၎င်းတို့သည် ယင်း(‘ဂျဟန္နမ်’ငရဲ)၌ ငြင်းခုံလျက်ရှိကြစဉ် ပြောဆိုကြပေမည်။
تَاللَّهِ إِنْ كُنَّا لَفِي ضَلَالٍ مُبِينٍ
အလ္လာဟ်အရှင်မြတ်၏ ‘ကစမ်’။ ဧကန်အမှန် ကျွန်ုပ်တို့သည် အလွန်ထင်ရှားလှစွာသော လမ်းလွဲမှု၌ပင် ရှိခဲ့ကြကုန်၏။

Choose other languages: