Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #11 Translated in Burmese

أَوَلَمْ يَرَوْا إِلَى الْأَرْضِ كَمْ أَنْبَتْنَا فِيهَا مِنْ كُلِّ زَوْجٍ كَرِيمٍ
၎င်းတို့သည် ပထဝီမြေကို မမြင်ခဲ့ကြလေသလော။ ငါအရှင်မြတ်သည် ယင်းပထဝီမြေ၌ တင့်တယ် ကောင်းမြတ်လှစွာသော(သစ်ဥ၊ သစ်ပွင့်၊ သစ်သီးအစရှိသော) အမျိုးအစားတိုင်းမှ အဘယ်မျှလောက် များပြားစွာ ပေါက်ရောက်စေတော်မူခဲ့ပါသနည်း။
إِنَّ فِي ذَٰلِكَ لَآيَةً ۖ وَمَا كَانَ أَكْثَرُهُمْ مُؤْمِنِينَ
ဧကန်စင်စစ် ဤသည်၌ ကြီးကျယ်လှစွာသော သက်သေလက္ခဏာတစ်ရပ်ရှိပေသည်။ သို့ရာတွင် ၎င်းတို့အနက် အများဆုံးသော သူတို့မှာမူကား သက်ဝင်ယုံကြည် ကြသည်မဟုတ်ပေ။
وَإِنَّ رَبَّكَ لَهُوَ الْعَزِيزُ الرَّحِيمُ
စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ဧကန်မလွဲ ထိုအရှင်မြတ်သည်ပင် အလွန်တရာ လွှမ်းမိုးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
وَإِذْ نَادَىٰ رَبُّكَ مُوسَىٰ أَنِ ائْتِ الْقَوْمَ الظَّالِمِينَ
ထိုမှတစ်ပါး တစ်ရံရောအခါဝယ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မူစာအား အသင်သည် (မိမိတို့ကိုယ်ကို မိမိတို့ပင်)နှိပ်စက်ညှဉ်းပန်းသူတို့ထံ သွားပါလေဟု(မိန့်ကြား)တော်မူခဲ့၏။
قَوْمَ فِرْعَوْنَ ۚ أَلَا يَتَّقُونَ
(မိမိတို့ကိုယ်ကို မိမိတို့ နှိပ်စက်ညှဉ်းပန်းသူများကား) ဖစ်ရ်အောင်န်၏ အမျိုးသားပင်တည်း။ ၎င်းတို့သည် မကြောက်ရွံ့ကြလေသလော။

Choose other languages: