Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #54 Translated in Burmese

قَالُوا لَا ضَيْرَ ۖ إِنَّا إِلَىٰ رَبِّنَا مُنْقَلِبُونَ
ထိုပဉ္စလက်ဆရာတို့က (ကျွန်ုပ်တို့၌) လုံးဝ အကျိုးယုတ်မှု ရှိလိမ့်မည်မဟုတ်။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့ ပြန်သွားကြမည့်သူများပင် ဖြစ်ကြကုန်၏ဟု ပြောကြားလေ၏။
إِنَّا نَطْمَعُ أَنْ يَغْفِرَ لَنَا رَبُّنَا خَطَايَانَا أَنْ كُنَّا أَوَّلَ الْمُؤْمِنِينَ
စင်စစ်ဧကန် ကျွန်ုပ်တို့သည် ရှေးဦးမဆွ မုအ်မင်န် သက်ဝင်ယုံကြည်သူများ ဖြစ်ကြပေရာ ကျွန်ုပ်တို့၏အရှင်မြတ်သည် ကျွန်ုပ်တို့၏ ပြစ်မှုများကို ခွင့်လွှတ် ချမ်းသာပေးတော်မူမည်ဟု ကျွန်ုပ်တို့ မျှော်လင့်ကြပေသတည်း။
وَأَوْحَيْنَا إِلَىٰ مُوسَىٰ أَنْ أَسْرِ بِعِبَادِي إِنَّكُمْ مُتَّبَعُونَ
၎င်းပြင် ငါအရှင်မြတ်သည် မူစာ၏ထံသို့ အသင်သည် ငါအရှင်မြတ်၏ (ဤ)ကျွန်တို့အား ညဉ့်အချိန်၌ခေါ်ဆောင်၍သွားပါလေ။ ဧကန်အမှန် အသင်တို့သည်(မိမိတို့အား) နောက်မှလိုက်လံခြင်းကို ခံကြရမည့်သူများပင်ဖြစ်ကြပေသည်ဟု ‘ဝဟ်ယ်’ အမိန့်တော်ကို ထုတ်ပြန်တော်မူခဲ့၏။
فَأَرْسَلَ فِرْعَوْنُ فِي الْمَدَائِنِ حَاشِرِينَ
ထို့နောက် ဖစ်ရ်အောင်န်သည် မင်းစေတို့အား အမြို့မြို့အရွာရွာသို့ စေလွှတ်ခဲ့လေသည်။
إِنَّ هَٰؤُلَاءِ لَشِرْذِمَةٌ قَلِيلُونَ
ဧကန်စင်စစ် ဤသူတို့ကား အနည်းငယ်မျှသော အုပ်စုကလေးပင် ဖြစ်ပေသည်။

Choose other languages: