Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #42 Translated in Burmese

فَجُمِعَ السَّحَرَةُ لِمِيقَاتِ يَوْمٍ مَعْلُومٍ
ထို့နောက် ပဉ္စလက်ဆရာတို့သည် သတ်မှတ်ထားသော နေ့တစ်နေ့၏ အထူးချိန်းချက်ထားသော အချိန်တွင် စုဝေးခဲ့ကြရလေသည်။
وَقِيلَ لِلنَّاسِ هَلْ أَنْتُمْ مُجْتَمِعُونَ
ထိုမှတစ်ပါး လူတို့အား ဆင့်ဆိုထားသည်မှာ အသင်တို့သည်လည်း စုရုံးကြရပေမည်။
لَعَلَّنَا نَتَّبِعُ السَّحَرَةَ إِنْ كَانُوا هُمُ الْغَالِبِينَ
သို့မှသာလျှင် ကျွန်ုပ်တို့သည် ပဉ္စလက်ဆရာတို့၏ လမ်းစဉ်ကိုပင် အကယ်၍ ၎င်းတို့သည် အောင်နိုင်ကြသည်ရှိသော် လိုက်နိုင်ကြပေမည်။
فَلَمَّا جَاءَ السَّحَرَةُ قَالُوا لِفِرْعَوْنَ أَئِنَّ لَنَا لَأَجْرًا إِنْ كُنَّا نَحْنُ الْغَالِبِينَ
ထို့နောက် ပဉ္စလက်ဆရာတို့ ရောက်ရှိလာကြသောအခါ ၎င်းတို့က ဖစ်ရ်အောင်န်အား အကယ်၍ ကျွန်ုပ်တို့သည် အောင်နိုင်သူများဖြစ်ခဲ့ကြပါလျှင် ဧကန်အမှန် ကျွန်ုပ်တို့သည်(ကြီးကျယ်သော)ဆုလာဘ်ကို အမှန်ပင်ရရှိကြမည် မဟုတ်ပါလောဟု ဆိုခဲ့ကြကုန်၏။
قَالَ نَعَمْ وَإِنَّكُمْ إِذًا لَمِنَ الْمُقَرَّبِينَ
ထိုဖစ်ရ်အောင်န်က ဟုတ်ပေသည်။ ထို့ပြင်တစ်ဝ ထိုသို့ဖြစ်ခဲ့လျှင် အသင်တို့သည် (ငါနှင့်အတူ) လက်ပွန်းတတီး(ချစ်ကျွမ်း)နေထိုင်သူတို့တွင်လည်း အပါအဝင် ဖြစ်ကြပေမည်ဟု ဆိုခဲ့လေ၏။

Choose other languages: