Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #38 Translated in Burmese

قَالَ لِلْمَلَإِ حَوْلَهُ إِنَّ هَٰذَا لَسَاحِرٌ عَلِيمٌ
(ထိုအခါ) ထိုဖစ်ရ်အောင်(န်)က မိမိအနီးအနား၌ရှိကုန်သော အကြီးအမှူးတို့အား ပြောကြားခဲ့သည်မှာ (အချင်းတို့၊) ဧကန်မလွဲ ဤသူမှာ ကျွမ်းကျင်သော ပဉ္စလက်ဆရာတစ်ဦးပင် ဖြစ်ပေသည်။
يُرِيدُ أَنْ يُخْرِجَكُمْ مِنْ أَرْضِكُمْ بِسِحْرِهِ فَمَاذَا تَأْمُرُونَ
၎င်းသည် မိမိပဉ္စလက်အတတ်ဖြင့် အသင်တို့အား အသင်တို့၏တိုင်းပြည်မှ နှင်ထုတ်ရန် ကြံရွယ်လျက် ရှိပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် မည်သို့ (အကြံ)ပေးလိုကြသနည်း။
قَالُوا أَرْجِهْ وَأَخَاهُ وَابْعَثْ فِي الْمَدَائِنِ حَاشِرِينَ
ထိုအကြီးအမှူးတို့က လျှောက်ထား(အကြံပေး) ခဲ့ကြကုန်၏။ ဘုရင်မင်းမြတ်သည် ထို(မူစာ)နှင့် ၎င်း၏နောင်တော် (ဟာရူန်)အား ရွှေ့ဆိုင်းခွင့်ပေး၍ မင်းစေတို့အား အမြို့မြို့အရွာရွာသို့ စေလွှတ်တော်မူပါ။
يَأْتُوكَ بِكُلِّ سَحَّارٍ عَلِيمٍ
ထိုမင်းစေတို့သည်(တစ်ဖက်ကမ်းခပ်)တတ်မြောက်ကျွမ်းကျင်ကြကုန်သော ပဉ္စလက်ဆရာတို့အား (ဘုရင်မင်းမြတ်ထံသို့) ခေါ်ဆောင်၍ လာခဲ့ကြကုန်အံ့သတည်း။
فَجُمِعَ السَّحَرَةُ لِمِيقَاتِ يَوْمٍ مَعْلُومٍ
ထို့နောက် ပဉ္စလက်ဆရာတို့သည် သတ်မှတ်ထားသော နေ့တစ်နေ့၏ အထူးချိန်းချက်ထားသော အချိန်တွင် စုဝေးခဲ့ကြရလေသည်။

Choose other languages: