Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #6 Translated in Burmese

تِلْكَ آيَاتُ الْكِتَابِ الْمُبِينِ
ဤသည် ထင်ရှားလှစွာသောကျမ်းဂန်၏ (အာယတ်) တော်များပင်။
لَعَلَّكَ بَاخِعٌ نَفْسَكَ أَلَّا يَكُونُوا مُؤْمِنِينَ
(အို-နဗီတမန်တော်၊)၎င်း(မက္ကာမြို့သား)တို့သည် သက်ဝင်ယုံကြည်ခ�င်း မရှိကြသောကြောင့် အသင်သည် မိမိကိုယ်ကို သတ်သေချင်လုမတတ် ဖြစ်နေဘိ၏။
إِنْ نَشَأْ نُنَزِّلْ عَلَيْهِمْ مِنَ السَّمَاءِ آيَةً فَظَلَّتْ أَعْنَاقُهُمْ لَهَا خَاضِعِينَ
အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် မိုးကောင်းကင်မှ သက်သေလက္ခဏာတော် တစ်ပါးကို ၎င်းတို့အပေါ်၌ ချပေးတော်မူမည်။ ထိုအခါ ၎င်းတို့၏ လည်တိုင်များသည် ယင်းသက်သေလက္ခဏာ၏ ရှေ့မှောက်ဝယ် ကိုင်းညွှတ်ရိုကျိုး လာကြပေမည်။
وَمَا يَأْتِيهِمْ مِنْ ذِكْرٍ مِنَ الرَّحْمَٰنِ مُحْدَثٍ إِلَّا كَانُوا عَنْهُ مُعْرِضِينَ
စင်စစ်သော်ကား ‘ရဟ်မာန်’ ကြီးမားလှသော ကရုဏာတော်ရှင်၏ အထံတော်မှ မည်သည့် သစ်လွင်သော ဆုံးမဩဝါဒမဆို ၎င်းတို့ထံ ရောက်ရှိလာပါလျှင် ၎င်းတို့သည် ယင်းဆုံးမဩဝါဒဘက်မှ မျက်နှာလွှဲ၍ နေလေ့ရှိကြသည်သာ။
فَقَدْ كَذَّبُوا فَسَيَأْتِيهِمْ أَنْبَاءُ مَا كَانُوا بِهِ يَسْتَهْزِئُونَ
ယခုသော် ၎င်းတို့သည် (ယင်းဆုံးမဩဝါဒကို)မဟုတ်မမှန်ဟူ၍ပင် စွပ်စွဲငြင်းပယ်ခဲ့ကြပေရာ ၎င်းတို့ ပြက်ရယ်သမှုပြုလျက် ရှိခဲ့ကြသောအရာ၏ အဖြစ်မှန်သည် မကြာမြင့်မီပင် ၎င်းတို့ထံ ရောက်ရှိလာပေမည်။

Choose other languages: