Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #146 Translated in Burmese

إِذْ قَالَ لَهُمْ أَخُوهُمْ صَالِحٌ أَلَا تَتَّقُونَ
အကြင်အခါဝယ် ၎င်းတို့အား ၎င်းတို့၏ နောင်တော် တမန်တော်ဆွာလိဟ်က ပြောကြားခဲ့၏။ (အချင်းတို့၊)အသင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) မကြောက်ရွံ့ကြလေသလော။
إِنِّي لَكُمْ رَسُولٌ أَمِينٌ
ဧကန်မလွဲ ငါသည် အသင်တို့အဖို့ ယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော်တစ်ပါးပင် ဖြစ်ပေ၏။
فَاتَّقُوا اللَّهَ وَأَطِيعُونِ
သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ငါ၏အမိန့်ကို လိုက်နာကြလေကုန်။
وَمَا أَسْأَلُكُمْ عَلَيْهِ مِنْ أَجْرٍ ۖ إِنْ أَجْرِيَ إِلَّا عَلَىٰ رَبِّ الْعَالَمِينَ
စင်စစ် ငါသည် အသင်တို့ထံ ဤအမိန့်တော် ပို့ဆောင်ခြင်းနှင့်စပ်လျဉ်း၍၊ မည်သည့် အကျိုး တစ်စုံတစ်ရာကိုမျှ တောင်းဆိုသည်မဟုတ်ပေ။ ငါ့အား အကျိုးပေးရန်တာဝန်မှာ စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ်၌သာရှိ၏။
أَتُتْرَكُونَ فِي مَا هَاهُنَا آمِنِينَ
အသင်တို့သည် ဤပစ္စက္ခဘဝ၌ရှိသော အရာများတွင် စိတ်အေးချမ်းနေခြင်းကို လျစ်လျူပြုထားခြင်းကို ခံကြရမည်လော။

Choose other languages: