Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #132 Translated in Burmese

أَتَبْنُونَ بِكُلِّ رِيعٍ آيَةً تَعْبَثُونَ
အသင်တို့သည် ကုန်းမြင့်တိုင်း၌ အထိမ်းအမှတ်တစ်ခု အချည်းနှီး တည်ဆောက်ကြလေသလော။
وَتَتَّخِذُونَ مَصَانِعَ لَعَلَّكُمْ تَخْلُدُونَ
ထိုမှတစ်ပါး အသင်တို့သည် မိမိတို့ အမြဲနေထိုင်ကြရမည်ကဲ့သို့ပင် ကြီးကျယ်ခမ်းနားသော တိုက်တာဂေဟာများကို ပြုလုပ်တည်ဆောက်ကြကုန်၏။
وَإِذَا بَطَشْتُمْ بَطَشْتُمْ جَبَّارِينَ
ထိုမှတစ်ပါး အသင်တို့သည် ဖမ်းဆီး အရေးယူကြလေသောအခါ ရက်စက်ကြမ်းကြုတ်သူများအဖြစ် ဖမ်းဆီးအရေးယူကြကုန်၏။
فَاتَّقُوا اللَّهَ وَأَطِيعُونِ
သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည်ငါ၏အမိန့်ကို လိုက်နာကြလေကုန်။
وَاتَّقُوا الَّذِي أَمَدَّكُمْ بِمَا تَعْلَمُونَ
၎င်းပြင် အသင်တို့သည် အကြင်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်၊ ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့ သိရှိကြကုန်သောအရာများဖြင့် ကူညီဆောင်မတော်မူခဲ့၏။

Choose other languages: