Quran Apps in many lanuages:

Surah Ash-Shams Ayahs #15 Translated in Burmese

فَقَالَ لَهُمْ رَسُولُ اللَّهِ نَاقَةَ اللَّهِ وَسُقْيَاهَا
ထိုအခါ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွာလစ်ဟ်)က ၎င်းတို့အား(အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကုလားအုတ်မကို (သတ်ဖြတ်ခြင်းမှ)လည်းကောင်း၊ ထိုကုလားအုတ်မ ရေသောက်ခြင်းကို (တားမြစ်ခြင်းမှ)လည်းကောင်း၊ (ရှောင်ကြဉ်ကြလေကုန်ဟု) ပြောကြား(သတိပေး)ခဲ့လေ၏။
فَكَذَّبُوهُ فَعَقَرُوهَا فَدَمْدَمَ عَلَيْهِمْ رَبُّهُمْ بِذَنْبِهِمْ فَسَوَّاهَا
သို့ရာတွင် ထို "ဆမူဒ်" အမျိုးသားတို့သည်(အလ္လာဟ်အရှင်မြတ်၏) ထိုရစူလ်တမန်တော်အား မဟုတ်မမှန်ဟူ၍ ငြင်းဆိုခဲ့ပြီးနောက် ထိုကုလားအုတ်မ၏ခြေများကို ဖြတ်တောက်ခဲ့ကြကုန်၏။ ထိုအခါ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်းတို့၏အပေါ်၌ ၎င်းတို့၏ပြစ်မှုများကြောင့် ပြစ်ဒဏ်ကို စီရင်တော်မူခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည် ထိုပြစ်ဒဏ်ကို အားလုံးနှင့် သက်ဆိုင်စေတော်မူခဲ့၏။ (အားလုံးအပေါ်သို့ ပျံ့နှံ့သက်ရောက်စေတော်မူခဲ့လေသည်)။
وَلَا يَخَافُ عُقْبَاهَا
စင်စစ် ထိုအရှင်မြတ်သည် ထိုပြစ်ဒဏ်၏နောက်ဆက်(ဖြစ်ပေါ်လာမည့် တုံ့ပြန်မှု၊ ဒဏ်ပြန်မှု)ကို အလျင်းစိုးရိမ်တော်မူသည် မဟုတ်ပေတကား။

Choose other languages: