Quran Apps in many lanuages:

Surah As-Saaffat Ayahs #11 Translated in Burmese

وَحِفْظًا مِنْ كُلِّ شَيْطَانٍ مَارِدٍ
၎င်းပြင် (ငါအရှင်မြတ်သည်) "ရှိုင်တွာန်" မိစ္ဆာကောင်အသီးသီးမှ အကာအကွယ် ပြုလုပ်တော် မူခဲ့၏။
لَا يَسَّمَّعُونَ إِلَى الْمَلَإِ الْأَعْلَىٰ وَيُقْذَفُونَ مِنْ كُلِّ جَانِبٍ
ထို "ရှိုင်တွာန်" မိစ္ဆာကောင်များသည် အထက်ကောင်းကင်ရှိ ပရိသတ်မြို့တော်သို့ (သွားရောက်) နားစွင့်နိုင်ခြင်း မရှိကြသည့်ပြင် ၎င်းတို့သည် အဖက်ဖက်မှ (မီးတောက် ကြယ်ပျံဖြင့်) ပစ်ပေါက်ခြင်းကို ခံကြရကုန်၏။
دُحُورًا ۖ وَلَهُمْ عَذَابٌ وَاصِبٌ
နှင်ထုတ်ခြင်းခံကြရလျက်၊ ထိုမှတစ်ပါး ၎င်းတို့၌ ထာဝစဉ်ခံကြရအံ့သော ပြစ်ဒဏ်သည်လည်း ရှိပေဦးမည်။
إِلَّا مَنْ خَطِفَ الْخَطْفَةَ فَأَتْبَعَهُ شِهَابٌ ثَاقِبٌ
သို့ရာတွင် အကြင်"ရှိုင်တွာန်" မိစ္ဆာကောင်သည်(သတင်းတစ်စုံတစ်ရာကို) ရုတ်တရက် သုတ်ယူခဲ့မူ တောက်လောင်သော မီးတောက်တစ်ခုသည် ၎င်း၏နောက်သို့ ထက်ကြပ်မကွာ လိုက်ခဲ့လေတော့သတည်း။
فَاسْتَفْتِهِمْ أَهُمْ أَشَدُّ خَلْقًا أَمْ مَنْ خَلَقْنَا ۚ إِنَّا خَلَقْنَاهُمْ مِنْ طِينٍ لَازِبٍ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား မေးမြန်းပါလေ။ ၎င်းတို့အား ဖန်ဆင်းခြင်းသည် ပို၍ခဲယဉ်းလေသလော၊ သို့မဟုတ် ငါအရှင်မြတ် ဖန်ဆင်းတော်မူခဲ့သည့် (ကြယ်နက္ခတ်၊ မိုးကောင်းကင်၊ ပထဝီမြေ၊ အဖန်ဆင်းခံများအား ဖန်ဆင်းတော်မူခြင်းသည် ပို၍ခဲယဉ်းလေသလော)။ဧကန်မလွဲ ငါ အရှင်မြတ်သည် ၎င်းတို့အား စေးကပ်သော မြေကြီးမြေစေးဖြင့် ဖန်ဆင်းတော်မူခဲ့၏။

Choose other languages: