Quran Apps in many lanuages:

Surah As-Saaffat Ayahs #71 Translated in Burmese

ثُمَّ إِنَّ لَهُمْ عَلَيْهَا لَشَوْبًا مِنْ حَمِيمٍ
ထို့နောက် ထိုသူတို့သည် ၎င်း၏အပေါ်၌ ဝါ(ထိုအပင်ကို စားသုံးဖြည့်တင်းပြီးနောက်) ကျိုက်ကျိုက်ဆူပွက်သောရေနွေးကို ရောစပ်(၍သောက်စေ) ခြင်းကို ခံကြရပေမည်။
ثُمَّ إِنَّ مَرْجِعَهُمْ لَإِلَى الْجَحِيمِ
ထို့နောက် ဧကန်မုချ ၎င်းတို့သည် "ဂျဟန္နမ်"ငရဲဘုံသို့ အမှန်ပင် ပြန်ကြရပေမည်။
إِنَّهُمْ أَلْفَوْا آبَاءَهُمْ ضَالِّينَ
ဧကန်စင်စစ် ၎င်းတို့သည် မိမိတို့၏အဘ၊ ဘိုး၊ဘေးတို့အား လမ်းမှားသူများအဖြစ် တွေ့ရှိခဲ့ကြကုန်၏။
فَهُمْ عَلَىٰ آثَارِهِمْ يُهْرَعُونَ
သို့ဖြစ်ပေရာ ၎င်းတို့သည် ထိုအဘ၊ ဘိုး၊ ဘေးတို့၏ခြေရာများပေါ်၌ လျင်မြန်စွာ ပြေးလျှောက် ခဲ့ကြလေသတည်း။
وَلَقَدْ ضَلَّ قَبْلَهُمْ أَكْثَرُ الْأَوَّلِينَ
အမှန်သော်ကား မုချဧကန် ၎င်းတို့အလျင်လည်း ရှေးသူဟောင်းတို့အနက် များစွာသောသူတို့မှာ လမ်းမှားခဲ့ကြကုန်၏။

Choose other languages: