Quran Apps in many lanuages:

Surah As-Saaffat Ayahs #67 Translated in Burmese

إِنَّا جَعَلْنَاهَا فِتْنَةً لِلظَّالِمِينَ
ဧကန်အမှန် ငါအရှင်မြတ်သည် ယင်းသစ်ပင်ကို မတရားကျူးလွန်ကြသော သူတို့အဖို့ စမ်းသပ်မှုတစ်ရပ်ပင် ပြုလုပ်တော်မူခဲ့၏။
إِنَّهَا شَجَرَةٌ تَخْرُجُ فِي أَصْلِ الْجَحِيمِ
ဧကန်စင်စစ် ၎င်းမှာ "ဂျဟန္နမ်" ငရဲဘုံ၏အရင်း၌ပေါက်ရောက်သော သစ်ပင်တစ်ပင်ဖြစ်လေ၏။
طَلْعُهَا كَأَنَّهُ رُءُوسُ الشَّيَاطِينِ
ယင်းသစ်ပင်၏အသီးမှာ "ရှိုင်တွာန်" မိစ္ဆာကောင်များ၊ မြွေများ၏ပါးပျဉ်းများကဲ့သို့ပင်ဖြစ်ပေ၏။
فَإِنَّهُمْ لَآكِلُونَ مِنْهَا فَمَالِئُونَ مِنْهَا الْبُطُونَ
သို့ဖြစ်ပေရာ ဧကန်အမှန် ၎င်းတို့သည် ယင်းသစ်ပင်မှ အမှန်ပင် စားသုံးကြပေမည်။ ထို့နောက် ၎င်းတို့သည် ယင်းသစ်ပင်ဖြင့် ဝမ်းဗိုက်များကို ဖြည့်ကြပေမည်။
ثُمَّ إِنَّ لَهُمْ عَلَيْهَا لَشَوْبًا مِنْ حَمِيمٍ
ထို့နောက် ထိုသူတို့သည် ၎င်း၏အပေါ်၌ ဝါ(ထိုအပင်ကို စားသုံးဖြည့်တင်းပြီးနောက်) ကျိုက်ကျိုက်ဆူပွက်သောရေနွေးကို ရောစပ်(၍သောက်စေ) ခြင်းကို ခံကြရပေမည်။

Choose other languages: