Quran Apps in many lanuages:

Surah As-Saaffat Ayahs #26 Translated in Burmese

احْشُرُوا الَّذِينَ ظَلَمُوا وَأَزْوَاجَهُمْ وَمَا كَانُوا يَعْبُدُونَ
(ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်တမန်များအား မိန့်ကြားတော်မူပေမည်)။ အသင်တို့သည်(မိမိတို့ကိုယ်ကို)နှိပ်စက်ကလူပြုခဲ့ကြသော သူတို့အားလည်းကောင်း၊ ထိုသူတို့နှင့် ဝါဒတူဖြစ်ကြသော အဖော်အဖက်တို့အားလည်းကောင်း၊ ထိုသူတို့ ဆည်းကပ်ကိုးကွယ်ခဲ့ကြသည်တို့အားလည်းကောင်း၊ စုရုံးကြလေကုန်။
مِنْ دُونِ اللَّهِ فَاهْدُوهُمْ إِلَىٰ صِرَاطِ الْجَحِيمِ
အလ္လာဟ်အရှင်မြတ်အားစွန့်၍၊ တစ်ဖန် အသင်တို့သည် ၎င်းတို့အားလုံးကိုပင် "ဂျဟန္နမ်"ငရဲဘုံ၏လမ်းအတိုင်း ခေါ်ဆောင်သွားကြလေကုန်။
وَقِفُوهُمْ ۖ إِنَّهُمْ مَسْئُولُونَ
ထိုမှတစ်ပါး အသင်တို့သည် ၎င်းတို့အား(အနည်းငယ်) ဆိုင်းငံ့၍ထားကြလေကုန်။ ဧကန်မလွဲ ၎င်းတို့သည် စစ်ဆေးမေးမြန်းခြင်း ခံကြရမည့်သူများပင် ဖြစ်ကြကုန်၏။
مَا لَكُمْ لَا تَنَاصَرُونَ
အသင်တို့သည် မည်သည့်အကြောင်းကြောင့် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး ကူညီယိုင်းပင်းခြင်း မပြုကြပေသနည်း။
بَلْ هُمُ الْيَوْمَ مُسْتَسْلِمُونَ
စင်စစ်မှာကား ၎င်းတို့သည် ထိုနေ့တွင် ဦးခေါင်းညွှတ်ချ အညံ့ခံကြပေမည်။

Choose other languages: