Quran Apps in many lanuages:

Surah As-Saaffat Ayahs #5 Translated in Burmese

وَالصَّافَّاتِ صَفًّا
(ငါအရှင်မြတ်သည်) အနေအထားကျနစွာ တန်းစီ မတ်တတ်ရပ်ကြသူတို့အား သက်သေထူတော်မူ၏။
فَالزَّاجِرَاتِ زَجْرًا
တစ်ဖန် (ငါအရှင်မြတ်သည်) ငေါက်ငမ်းလျက် မောင်းနှင်သူတို့အား သက်သေထူတော်မူ၏။
فَالتَّالِيَاتِ ذِكْرًا
ထို့နောက်တစ်ဖန် (ငါအရှင်မြတ်သည်) "ဇစ်က်ရ်"ကမ္မဋ္ဌာန်းကို စီးဖြန်းသရဇ္ဈာယ်ကြသူတို့အား (တစ်နည်း) ကျက်မှတ်ရွတ်ဖတ် သရဇ္ဈာယ်သူတို့အား သက်သေထူတော်မူ၏။
إِنَّ إِلَٰهَكُمْ لَوَاحِدٌ
မလွဲဧကန် အသင်တို့၏ ဆည်းကပ်ကိုးကွယ်ရာအရှင်ကား တစ်ဆူတည်းသာလျှင် ဖြစ်တော်မူ၏။
رَبُّ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا وَرَبُّ الْمَشَارِقِ
(ထိုအရှင်မြတ်သည်) မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေနှစ်ခုလုံး၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ ဖန်ဆင်းစိုးပိုင်တော်မူသောအရှင်၊ ထိုမှတစ်ပါး နေထွက်ရာအရပ်များကို ဖန်ဆင်းစိုးပိုင်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

Choose other languages: