Quran Apps in many lanuages:

Surah As-Saaffat Ayahs #136 Translated in Burmese

إِنَّهُ مِنْ عِبَادِنَا الْمُؤْمِنِينَ
စင်စစ်ဧကန် ထို"အီလ်ယာစီန်"သည် ငါအရှင်မြတ်၏ သက်ဝင်ယုံကြည်ကုန်သော ကျွန်တို့တွင် တစ်ဦးအပါအဝင် ဖြစ်ချေသတည်း။
وَإِنَّ لُوطًا لَمِنَ الْمُرْسَلِينَ
ထိုမှတစ်ပါး ဧကန်မလွဲ"လူတ်"သည်လည်း"ရစူလ်" တမန်တော်တို့တွင် အပါအဝင်ဖြစ်လေ၏။
إِذْ نَجَّيْنَاهُ وَأَهْلَهُ أَجْمَعِينَ
အကြင်အခါဝယ် ငါအရှင်မြတ်သည် ထို "လူတ်"အားလည်းကောင်း၊ ထို"လူတ်"၏ အိမ်သူအိမ်သား အားလုံးတို့ကိုလည်းကောင်း၊ ကယ်တင်တော်မူခဲ့၏။
إِلَّا عَجُوزًا فِي الْغَابِرِينَ
သို့ရာတွင် အမယ်အိုတစ်ဦးမှာ ကျန်ရစ်ခဲ့သူတို့တွင် ပါဝင်ခဲ့၏။
ثُمَّ دَمَّرْنَا الْآخَرِينَ
ထို့နောက် ငါအရှင်မြတ်သည် အခြားသောသူတို့အား ဖျက်ဆီးတော်မူခဲ့၏။

Choose other languages: