Quran Apps in many lanuages:

Surah Ar-Rahman Ayahs #76 Translated in Burmese

حُورٌ مَقْصُورَاتٌ فِي الْخِيَامِ
လွန်စွာဖြူ၍လှပသော၊ မဏ္ဍပ်ကနားဖျင်းများတွင် ထိန်းသိမ်းစောင့်ရှောက်ထားခြင်းခံရသော၊ မိန်းမများသည် ရှိကြပေမည်။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြအံ့နည်း။
لَمْ يَطْمِثْهُنَّ إِنْسٌ قَبْلَهُمْ وَلَا جَانٌّ
၎င်းတို့အလျင် ထိုမိန်းမတို့အား မည်သည့် လူသား တစ်ဦးတစ်ယောက်မျှလည်းကောင်း၊ မည်သည့် ဂျင်န် တစ်ဦးတစ်ယောက်မျှလည်းကောင်း၊ ထိတွေ့ခဲ့ဖူးသည် မရှိပြီ။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။
مُتَّكِئِينَ عَلَىٰ رَفْرَفٍ خُضْرٍ وَعَبْقَرِيٍّ حِسَانٍ
(၎င်းတို့သည်) အစိမ်းရောင် ကော်ဇောများပေါ်၌ လည်းကောင်း၊ လွန်စွာ အံ့ဖွယ်ကောင်းသော အခင်းအကျင်းပေါ်၌ လည်းကောင်း၊ (ထိုင်၍ မှီအုံး များကို) မှီလျက် ရှိကြပေမည်။

Choose other languages: