Quran Apps in many lanuages:

Surah Ar-Rahman Ayahs #72 Translated in Burmese

فِيهِمَا فَاكِهَةٌ وَنَخْلٌ وَرُمَّانٌ
ယင်းဥယျာဉ်နှစ်ခု၌ သစ်သီးဝလံများသည်လည်းကောင်း၊ စွန်ပလွံပင်များသည် လည်းကောင်း၊ သလဲသီးများသည် လည်းကောင်း၊ ရှိကြပေမည်။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။
فِيهِنَّ خَيْرَاتٌ حِسَانٌ
ယင်း(ဥယျာဉ်များနှင့် ဥယျာဉ်များရှိ အဆောက်အအုံ)တို့တွင် စာရိတ္တအားဖြင့် မွန်မြတ်သော၊ ရုပ်ရည်အားဖြင့် လှပတင့်တယ်သော မိန်းမများသည် ရှိကြပေမည်။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြအံ့နည်း။
حُورٌ مَقْصُورَاتٌ فِي الْخِيَامِ
လွန်စွာဖြူ၍လှပသော၊ မဏ္ဍပ်ကနားဖျင်းများတွင် ထိန်းသိမ်းစောင့်ရှောက်ထားခြင်းခံရသော၊ မိန်းမများသည် ရှိကြပေမည်။

Choose other languages: