Quran Apps in many lanuages:

Surah Ar-Rahman Ayahs #47 Translated in Burmese

هَٰذِهِ جَهَنَّمُ الَّتِي يُكَذِّبُ بِهَا الْمُجْرِمُونَ
(ထိုမှတစ်ပါး ၎င်းတို့သည် မိန့်ကြားတော်မူခြင်းကို ခံကြရပေမည်)။ ဤသည်ပင်လျှင် အပြစ်ရှိသူများ၊ မဟုတ်မမှန်ဟူ၍ ငြင်းပယ်လျက် ရှိခဲ့ကြ သော ‘ဂျဟန္နမ်’ ငရဲဖြစ်သည်။
يَطُوفُونَ بَيْنَهَا وَبَيْنَ حَمِيمٍ آنٍ
ထိုအပြစ်ရှိသူတို့ကား ယင်း’ဂျဟန္နမ်’ငရဲနှင့် ပွက်ပွက်ဆူလျက်ရှိသော ရေနွေးပူ၏အကြား၌ လှည့်ပတ်လျက် နေကြရပေမည်။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။
وَلِمَنْ خَافَ مَقَامَ رَبِّهِ جَنَّتَانِ
ထိုမှတစ်ပါး မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ရှေ့တော်မှောက်၌ မတ်တပ်ရပ်ရန် စိုးရိမ်သောသူ၏အဖို့မှာကား ဥယျာဉ်နှစ်ခုရှိပေမည်။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။

Choose other languages: