Quran Apps in many lanuages:

Surah Ar-Rahman Ayahs #26 Translated in Burmese

يَخْرُجُ مِنْهُمَا اللُّؤْلُؤُ وَالْمَرْجَانُ
ယင်းပင်လယ်နှစ်ခုမှ ပုလဲရတနာများ သည်လည်းကောင်း၊ သန္တာ ပင်လယ်ထွက် ကျောက်နီများ သည်လည်းကောင်း၊ ထွက်ကြပေသည်။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ
သို့ပါလျက် (အို-ဂျင်န်နှင့် လူသတ္တဝါတို့) အသင်တို့သည် မိမိတို့အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြအံ့နည်း။
وَلَهُ الْجَوَارِ الْمُنْشَآتُ فِي الْبَحْرِ كَالْأَعْلَامِ
သမုဒ္ဒရာပင်လယ်၌ တောင်များပမာ(မားမားမတ်မတ်) ရပ်တည်နေကြသော၊ အထင်အရှား ရှိနေကြသော၊ သင်္ဘောများမှာလည်း ထိုအရှင်မြတ်၏ အာဏာစက်အတွင်း၌ ရှိကုန်၏။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ
သို့ပါလျက် (အို-ဂျင်န်နှင့် လူသတ္တဝါတို့) အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြအံ့နည်း။
كُلُّ مَنْ عَلَيْهَا فَانٍ
ယင်းပထဝီမြေပေါ်၌ ရှိသမျှတို့သည် (မမြဲ)ပျက်စီးဆိတ်သုဉ်းအံ့သော အရာများပင် ဖြစ်ကုန်၏။

Choose other languages: