Quran Apps in many lanuages:

Surah Ar-Rahman Ayahs #18 Translated in Burmese

خَلَقَ الْإِنْسَانَ مِنْ صَلْصَالٍ كَالْفَخَّارِ
ထိုအရှင်မြတ်သည်ပင် `မနုဿ` လူသားအား မြေအိုး-အိုးခြမ်းကွဲပမာ အသံမည်သော ရွှံ့ခြောက်ဖြင့် ဖန်ဆင်းတော်မူခဲ့၏။
وَخَلَقَ الْجَانَّ مِنْ مَارِجٍ مِنْ نَارٍ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် ဂျင်န်သတ္တဝါတို့ကို ဂျင်န်သတ္တဝါတို့၏ဖခင် ‘အစ်ဗ်လီစ်’ကို မီးခဲမီးခိုးမရှိသော မီးတောက်ဖြင့် ဖန်ဆင်းတော်မူခဲ့၏။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ
သို့ပါလျက် (အို-ဂျင်န်နှင့်လူသတ္တဝါတို့) အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့်ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြအံ့နည်း။
رَبُّ الْمَشْرِقَيْنِ وَرَبُّ الْمَغْرِبَيْنِ
(ထိုအရှင်မြတ်သည်ပင်) နေထွက်ရာအရပ် နှစ်ခုလုံးကို ဖန်ဆင်းတော်မူသောအရှင်၊ နေဝင်ရာအရပ် နှစ်ခုလုံးကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူ၏။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ
သို့ပါလျက် (အို-ဂျင်န်နှင့် လူသတ္တဝါတို့) အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြအံ့နည်း။

Choose other languages: