Quran Apps in many lanuages:

Surah Ar-Rad Ayahs #7 Translated in Burmese

وَهُوَ الَّذِي مَدَّ الْأَرْضَ وَجَعَلَ فِيهَا رَوَاسِيَ وَأَنْهَارًا ۖ وَمِنْ كُلِّ الثَّمَرَاتِ جَعَلَ فِيهَا زَوْجَيْنِ اثْنَيْنِ ۖ يُغْشِي اللَّيْلَ النَّهَارَ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يَتَفَكَّرُونَ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင်လျှင် ပထဝီမြေကို ဖြန့်ခင်းတော်မူခဲ့သောအရှင် ဖြစ်တော်မူပေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင် ထိုပထဝီမြေ၌ တောင်များကိုလည်းကောင်း၊ ချောင်းမြစ်တို့ ကိုလည်းကောင်း၊ ပြုလုပ်ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ထိုအရှင်မြတ်သည် ယင်းပထဝီမြေ၌သစ်သီးဝလံ အသီးသီးကို နှစ်မျိုးစီ ဖန်ဆင်းတော်မူခဲ့၏။ ထိုအရှင်မြတ်သည် ညဖြင့်နေ့ကို ဖုံးအုပ်ခဲ့တော်မူ၏။ ဧကန်မလွဲဤသည်တို့၌ စဉ်းစားဆင်ခြင်ကုန်သော သူတို့အဖို့ အမှန်ပင်သက်သေလက္ခဏာများသည် ရှိချေသတည်း။
وَفِي الْأَرْضِ قِطَعٌ مُتَجَاوِرَاتٌ وَجَنَّاتٌ مِنْ أَعْنَابٍ وَزَرْعٌ وَنَخِيلٌ صِنْوَانٌ وَغَيْرُ صِنْوَانٍ يُسْقَىٰ بِمَاءٍ وَاحِدٍ وَنُفَضِّلُ بَعْضَهَا عَلَىٰ بَعْضٍ فِي الْأُكُلِ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يَعْقِلُونَ
၎င်းပြင် ပထဝီမြေ၌ တစ်ခုတည်းသော ရေကိုသွင်းပေးခြင်းခံရသော နီးကပ်စွာရှိသောမြေကွက် များသည်လည်းကောင်း၊ စပျစ်ခြံများသည်လည်းကောင်း၊ လယ်ယာများသည်လည်းကောင်း၊ အမြစ်တစ်ခုတည်းမှ တစ်ပင်မက ပေါက်ရောက်သော စွန်ပလွံပင်များသည်လည်းကောင်း၊ အမြစ်တစ်ခုမှ တစ်ပင်စီပေါက်ရောက်သော စွန်ပလွံပင်များသည် လည်းကောင်း၊ ရှိသည်။ သို့ပါလျက် ငါအရှင်မြတ်သည် အသီးများတွင်၎င်းတို့အနက် အချို့ကိုအချို့ထက် ထူးကဲစေတော်မူ၏။ ဧကန်အမှန် ဤသူတို့၌ နားလည်ကြသူတို့အဖို့ သက်သေလက္ခဏာများသည် အမှန်ပင် ရှိကြပေသတည်း။
وَإِنْ تَعْجَبْ فَعَجَبٌ قَوْلُهُمْ أَإِذَا كُنَّا تُرَابًا أَإِنَّا لَفِي خَلْقٍ جَدِيدٍ ۗ أُولَٰئِكَ الَّذِينَ كَفَرُوا بِرَبِّهِمْ ۖ وَأُولَٰئِكَ الْأَغْلَالُ فِي أَعْنَاقِهِمْ ۖ وَأُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
ထိုမှတစ်ပါး အကယ်၍ အသင်သည် အံ့ဩသည်ရှိသော် ကျွန်ုပ်တို့သည်(သေပြီးနောက်)ပကတိ မြေကြီး ဖြစ်သွားခဲ့ကြသောအခါ ကျွန်ုပ်တို့သည် အသစ်ပြန်၍ဖန်ဆင်းခြင်းကိုခံကြရမည်လောဟူသော ၎င်းတို့၏ပြောဆိုချက်သည်ကား (သာ၍)ပင် အံ့ဩဖွယ်ဖြစ်ပေသည်။ ဤသူများပင် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား မယုံမကြည် သွေဖည်ငြင်းပယ်ကုန်သောသူများတည်း။ ၎င်းပြင် ဤသူများပင်၊ ၎င်းတို့၏လည်ပင်းများ၌ လည်ကွင်းများရှိအံ့။ ထိုမှတစ်ပါးဤသူတို့သည်ပင်လျှင် ငရဲသားများဖြစ်ကြကုန်သည်။ ၎င်းတို့သည် ထိုငရဲမီး၌ ထာဝစဉ်နေထိုင်ကြမည့်သူများ ဖြစ်ကြပေသတည်း။
وَيَسْتَعْجِلُونَكَ بِالسَّيِّئَةِ قَبْلَ الْحَسَنَةِ وَقَدْ خَلَتْ مِنْ قَبْلِهِمُ الْمَثُلَاتُ ۗ وَإِنَّ رَبَّكَ لَذُو مَغْفِرَةٍ لِلنَّاسِ عَلَىٰ ظُلْمِهِمْ ۖ وَإِنَّ رَبَّكَ لَشَدِيدُ الْعِقَابِ
စင်စစ်သော်ကား ၎င်းတို့သည် အသင့်ထံ၌ ဘေးရန်ကင်းငြိမ်းခြင်းထက် အလျင် ဘေးအန္တရာယ်ကို အသင့်ထံ၌အလျင်စလိုတောင်းဆွဲကြကုန်၏။ အမှန်စင်စစ်သော်ကား ပြစ်ဒဏ်ခတ်မှုများသည် ၎င်းတို့အလျင်ရှိခဲ့ပြီး ဖြစ်ခဲ့ပေသည်။ ၎င်းပြင် မလွဲဧကန် အသင့်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် လူတို့နှင့်ပတ်သက်၍ ၎င်းတို့သည် မတရားမှုကိုကျူးလွန်သူများဖြစ်ကြပါလျက် လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်မြတ်လည်း ဖြစ်တော်မူပေသည်။ ထိုမှတစ်ပါးအသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ပြင်းထန်စွာအပြစ်ပေးတော်မူသော အရှင်မြတ်လည်း အမှန်ပင်ဖြစ်တော်မူပေသတည်း။
وَيَقُولُ الَّذِينَ كَفَرُوا لَوْلَا أُنْزِلَ عَلَيْهِ آيَةٌ مِنْ رَبِّهِ ۗ إِنَّمَا أَنْتَ مُنْذِرٌ ۖ وَلِكُلِّ قَوْمٍ هَادٍ
၎င်းပြင် မယုံမကြည် သွေဖည်ငြင်းပယ် ကုန်သောသူတို့သည် ထို(နဗီတမန်တော်မုဟမ္မဒ်)၏ အပေါ်၌ ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ တန်ခိုးပြာဋိဟာတစ်ရပ်ရပ်သည် အဘယ်ကြောင့် ကျရောက်ခဲ့သည်မရှိပါသနည်းဟူ၍လည်း ပြောဆိုကြသေး၏။ (စင်စစ်မှာမူကား) အသင်သည် သတိပေးနှိုးဆော်သူတစ်ဦးမျှသာဖြစ်ပေသည်။ ထိုနည်းတူစွာ လူမျိုးတိုင်းအဖို့ တရားလမ်းမှန်ကိုညွှန်ကြားပြသသူသည် ရှိချေသတည်း။

Choose other languages: