Quran Apps in many lanuages:

Surah An-Nisa Ayahs #52 Translated in Burmese

إِنَّ اللَّهَ لَا يَغْفِرُ أَنْ يُشْرَكَ بِهِ وَيَغْفِرُ مَا دُونَ ذَٰلِكَ لِمَنْ يَشَاءُ ۚ وَمَنْ يُشْرِكْ بِاللَّهِ فَقَدِ افْتَرَىٰ إِثْمًا عَظِيمًا
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တစ်စုံတစ်ရာကို မိမိနှင့် တွဲဘက်ယှဉ်ပြိုင်ကိုးကွယ်ခြင်းကို လွတ်ငြိမ်းချမ်းသာခွင့် အလျင်း ပေးတော်မူမည်မဟုတ်ပေ။ သို့ရာတွင် ထိုတွဲဖက်ယှဉ်ပြိုင် ကိုးကွယ်မှုမှတစ်ပါး အခြား ပြစ်မှုဒုစရိုက်တို့ကိုမူကား မိမိအလိုရှိတော်မူသောသူအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူအံ့။ အမှန်စင်စစ်သော်ကား မည်သူမဆို တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ပါမူ ထိုသူသည် ဧကန်မလွဲ အလွန်ကြီးလေးလှစွာသော ပြစ်မှုဒုစရိုက်ကို ကျူးလွန်ခဲ့လေသတည်း။
أَلَمْ تَرَ إِلَى الَّذِينَ يُزَكُّونَ أَنْفُسَهُمْ ۚ بَلِ اللَّهُ يُزَكِّي مَنْ يَشَاءُ وَلَا يُظْلَمُونَ فَتِيلًا
(အို- နဗီတမန်တော်) အသင်သည် မိမိတို့ကိုယ်ကို မိမိတို့ သန့်ရှင်းစင်ကြယ်ကြောင်း ပြောဆို (ကြွားဝါ) သောသူတို့ (၏ဖြစ်အင်) ကို မတွေ့မမြင်ပါလေသလော။ ထိုသို့အလျင်းမဟုတ်၊ အမှန်စင်စစ် သော်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် မိမိအလိုရှိတော်မူသောသူအား သန့်ရှင်းစင်ကြယ်စေတော်မူလေ၏။ သို့ရာတွင် ၎င်းတို့သည် (အပြစ်ပေးတော်မူခြင်းကိုခံကြရာ၌) ဆံခြည်တစ်မျှင်ခန့်မျှပင် မတရား နှိပ်စက်ညှဉ်းပန်းခြင်းကို ခံကြရလိမ့်မည်မဟုတ်ပေ။
انْظُرْ كَيْفَ يَفْتَرُونَ عَلَى اللَّهِ الْكَذِبَ ۖ وَكَفَىٰ بِهِ إِثْمًا مُبِينًا
(အို- နဗီတမန်တော်) ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို မည်ကဲ့သို့ ကြံဖန်လီဆယ်ပြောဆိုဝံ့ကြသည်ကို အသင်ရှုပါလေ။ အမှန်စင်စစ် ယင်း (ကဲ့သို့) လီဆယ်ပြောဆိုခြင်းသည်ပင်လျှင် (၎င်းတို့၏) ထင်ရှားလှစွာသော ပြစ်မှုဒုစရိုက်အဖြစ် လုံလောက်ပေသတည်း။
أَلَمْ تَرَ إِلَى الَّذِينَ أُوتُوا نَصِيبًا مِنَ الْكِتَابِ يُؤْمِنُونَ بِالْجِبْتِ وَالطَّاغُوتِ وَيَقُولُونَ لِلَّذِينَ كَفَرُوا هَٰؤُلَاءِ أَهْدَىٰ مِنَ الَّذِينَ آمَنُوا سَبِيلًا
(အို- နဗီ) အသင်သည် ကျမ်းဂန်အနက်မှ တစ်စိတ်တစ်ဒေသကို ရရှိခဲ့သူတို့ (၏ဖြစ်အင်) ကို မတွေ့ မမြင်ပါလေသလော။ ထိုသူတို့သည် ရုပ်ပွားဆင်းတုများကိုလည်းကောင်း၊ ရှိုင်တွာန်ကိုလည်းကောင်း ယုံကြည်ကြ၏။ ၎င်းပြင် ထိုသူတို့က ကာဖိရ်များနှင့်စပ်လျဉ်း၍ ‘ဤသူများသည် မုအ်မင်န်များထက် ပိုမို၍ တရားလမ်းမှန်ရသောသူများ ဖြစ်ကြသည်’ ဟူ၍ ပြောဆိုကြ၏။
أُولَٰئِكَ الَّذِينَ لَعَنَهُمُ اللَّهُ ۖ وَمَنْ يَلْعَنِ اللَّهُ فَلَنْ تَجِدَ لَهُ نَصِيرًا
ဤသူများပင် အကြင်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား (မိမိ) ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့လေသည်။ အမှန်သော်ကား မည်သူ့ကိုမဆို အလ္လာဟ်အရှင်မြတ်သည် (မိမိ) ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့ပါလျှင် အသင်သည် ထိုသူအားကူညီစောင်မမည့်သူ တစ်ဦးတစ်ယောက်ကိုမျှ အလျင်း တွေ့ရှိလိမ့်မည်မဟုတ်ပေ။

Choose other languages: