Quran Apps in many lanuages:

Surah An-Naziat Ayahs #43 Translated in Burmese

فَإِنَّ الْجَحِيمَ هِيَ الْمَأْوَىٰ
သို့ဖြစ်လျှင် ဧကန်မလွဲ "ဂျဟန္နမ်" ငရဲသာ လျှင်(ထိုသူ၏)ခိုကိုးရာဌာန ဖြစ်ချိမ့်မည်။
وَأَمَّا مَنْ خَافَ مَقَامَ رَبِّهِ وَنَهَى النَّفْسَ عَنِ الْهَوَىٰ
သို့ရာတွင် အကြင်သူသည် မိမိအား ဖန်ဆင်းတော်မူသောအရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် မတ်တပ်ရပ်ရမည်ကို ကြောက်ရွံ့စိုးရိမ်ခဲ့လေသည်။ ၎င်းပြင် ထိုသူသည် စိတ်ကိုလည်း (မကောင်းသော) အလိုဆန္ဒများမှ တားမြစ်ခဲ့လေသည်။
فَإِنَّ الْجَنَّةَ هِيَ الْمَأْوَىٰ
သို့ဖြစ်လျှင် ဧကန်မလွဲ "ဂျန္နတ်" သုခဘုံသည်သာလျှင် (ထိုသူ၏)ခိုကိုးရာဖြစ်အံ့သတည်း၊
يَسْأَلُونَكَ عَنِ السَّاعَةِ أَيَّانَ مُرْسَاهَا
(အို-နဗီတမန်တော်) ၎င်းတို့သည် အသင့်အား "ကိယာမတ်" ရှင်ပြန်ထမည့်နေ့နှင့်စပ်လျဉ်း၍ ယင်း "ကိယာမတ်" ရှင်ပြန်ထမည့်နေ့သည် မည်သည့် အချိန်အခါ၌ ဆိုက်ရောက်အံ့နည်းဟု မေးမြန်းကြကုန်၏။
فِيمَ أَنْتَ مِنْ ذِكْرَاهَا
ယင်း "ကိယာမတ်" ရှင်ပြန်ထမည့်နေ့ (ဆိုက်ရောက်မည့်အကြောင်းကို) ထုတ်ဖော် ပြောပြခြင်းသည် အသင်နှင့် မည်သို့ ပတ်သက်ပါသနည်း။

Choose other languages: