Quran Apps in many lanuages:

Surah An-Naml Ayahs #5 Translated in Burmese

طس ۚ تِلْكَ آيَاتُ الْقُرْآنِ وَكِتَابٍ مُبِينٍ
သွာ၊စီန်" ဤသည်တို့ကား ထင်ရှားသောကုရ်အာန်ကျမ်းဂန်၏ အာယတ်တော်များပင်။
هُدًى وَبُشْرَىٰ لِلْمُؤْمِنِينَ
မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အဖို့ တရားလမ်းညွှန်ရာနှင့် သတင်းကောင်းဖြစ်၏။
الَّذِينَ يُقِيمُونَ الصَّلَاةَ وَيُؤْتُونَ الزَّكَاةَ وَهُمْ بِالْآخِرَةِ هُمْ يُوقِنُونَ
အကြင် "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့သည် ဆွလာတ်��တ်ပြုမှုကို ဆောက်တည်ကြသည့်ပြင် ဇကာတ်လည်း ပေးဆောင်ကြကုန်၏။ "အာခိရတ်" တမလွန်ဘဝကိုလည်း ယုံကြည်ကြကုန်၏။
إِنَّ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ زَيَّنَّا لَهُمْ أَعْمَالَهُمْ فَهُمْ يَعْمَهُونَ
ဧကန်မလွဲ အာခိရတ် တမလွန်ဘဝကို မယုံကြည်သောသူတို့၏အမြင်တွင် ငါအရှင်မြတ်သည် ၎င်းတို့၏ပြုမူချက်များကို လှပတင့်တယ်စေတော်မူခဲ့၏။ သို့ဖြစ်ပေရာ ၎င်းတို့မှာ တဝဲလည်လည် ဖြစ်နေကြကုန်၏။
أُولَٰئِكَ الَّذِينَ لَهُمْ سُوءُ الْعَذَابِ وَهُمْ فِي الْآخِرَةِ هُمُ الْأَخْسَرُونَ
၎င်းတို့သည်ပင်လျှင် အကြင်သူများ ဖြစ်ကြကုန်၏။ ထိုသူတို့အဖို့ (ဤလောက၌လည်း) အလွန်ဆိုးရွားသောပြစ်ဒဏ်သည် ရှိပေ၏။ "အာခိရတ်"နောင်တမလွန်ဘဝတွင်လည်း ၎င်းတို့သည် အလွန်ဆုံးရှုံးသူများပင် ဖြစ်ကြပေမည်။

Choose other languages: