Quran Apps in many lanuages:

Surah An-Nahl Ayahs #100 Translated in Burmese

مَا عِنْدَكُمْ يَنْفَدُ ۖ وَمَا عِنْدَ اللَّهِ بَاقٍ ۗ وَلَنَجْزِيَنَّ الَّذِينَ صَبَرُوا أَجْرَهُمْ بِأَحْسَنِ مَا كَانُوا يَعْمَلُونَ
အသင်တို့ထံ၌ရှိသော အရာများသည် ကုန်ခန်းသွားမည်သာတည်း။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်အထံတော်၌ရှိသောအရာတို့မှာမူကား ရှိရစ်မည့်အရာများပင် ဖြစ်ကုန်သတည်း။ ထို့ပြင် ဧကန်အမှန် ငါအရှင်မြတ်သည် ကြံ့ခိုင်စွာရပ်တည် ခဲ့ကြကုန်သောသူတို့အား၊ ၎င်းတို့၏အကျိုးကို ၎င်းတို့ကျင့်မူခဲ့ကြကုန်သော ကောင်းမြတ်သောအကျင့်သီလနှင့်လျော်ညီစွာ ပေးဆပ်တော်မူပေမည်။
مَنْ عَمِلَ صَالِحًا مِنْ ذَكَرٍ أَوْ أُنْثَىٰ وَهُوَ مُؤْمِنٌ فَلَنُحْيِيَنَّهُ حَيَاةً طَيِّبَةً ۖ وَلَنَجْزِيَنَّهُمْ أَجْرَهُمْ بِأَحْسَنِ مَا كَانُوا يَعْمَلُونَ
မည်သူမဆို ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ(မုအ်မင်န်အဖြစ်နှင့်) ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ခဲ့သော်၊ ၎င်းပြင် ထိုသူသည် မုအ်မင်န် သက်ဝင်ယုံကြည်သူ(လည်း)ဖြစ်ခဲ့သော် မလွဲဧကန် ငါအရှင်မြတ်သည်ထိုသူအား သန့်ရှင်းစင်ကြယ်သောအသက်ရှင်ခြင်းမျိုးဖြင့်အသက်ရှင်စေတော်မူပေမည်။ ထိုမှတစ်ပါး မုချစင်စစ် ငါအရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့၏အကျိုးကို ၎င်းတို့ကျင့်မူဆောက်တည်လျက်ရှိခဲ့ကြကုန်သော ကောင်းမြတ်သောအကျင့်သီလနှင့်လျော်ညီစွာ ချီးမြှင့်တော်မူပေမည်။
فَإِذَا قَرَأْتَ الْقُرْآنَ فَاسْتَعِذْ بِاللَّهِ مِنَ الشَّيْطَانِ الرَّجِيمِ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည်ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ် သရဇ္ဈာယ်သောအခါနှင်ထုတ်ခြင်းခံရသော ရှိုင်တွာန်မိစ္ဆာကောင် (၏နှောင့်ယှက်မှု)မှ (လွတ်ကင်းနိုင်ရန်)အလ္လာဟ်အရှင်မြတ်၏ အကာအကွယ်ကို ယူပါလေ။
إِنَّهُ لَيْسَ لَهُ سُلْطَانٌ عَلَى الَّذِينَ آمَنُوا وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ
ဧကန်စင်စစ် ယင်းရှိုင်တွာန် မိစ္ဆာကောင်၌အကြင်သူတို့အပေါ်ဝယ် လုံးဝဩဇာအာဏာမရှိချေ။ ထိုသူတို့သည် ဧကန်စင်စစ် အီမာန်သက်ဝင် ယုံကြည်၍ မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား ယုံကြည်အားထားကြကုန်သောသူတို့ အပေါ်၌ ရှိုင်တွာန်မိစ္ဆာကောင်သည် လုံးဝဩဇာ အာဏာ မရှိချေ။
إِنَّمَا سُلْطَانُهُ عَلَى الَّذِينَ يَتَوَلَّوْنَهُ وَالَّذِينَ هُمْ بِهِ مُشْرِكُونَ
ယင်းရှိုင်တွာန်မိစ္ဆာကောင်၏ ဩဇာအာဏာသည်ကား ၎င်းအားအဆွေခင်ပွန်းဖွဲ့သော သူတို့နှင့် ယင်းရှိုင်တွာန်မိစ္ဆာကောင်ကြောင့် (အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်)တွဲဖက်ကိုးကွယ်သောသူတို့ အပေါ်၌သာရှိပေသတည်း။

Choose other languages: