Quran Apps in many lanuages:

Surah An-Naba Ayahs #27 Translated in Burmese

لَابِثِينَ فِيهَا أَحْقَابًا
(၎င်းတို့သည်) ယင်းဂျဟန္နမ်ငရဲ၌ အဆုံးမရှိသော အချိန်ကာလတိုင်အောင် နေထိုင်ကြရပေမည်။
لَا يَذُوقُونَ فِيهَا بَرْدًا وَلَا شَرَابًا
၎င်းတို့သည် ယင်းဂျဟန္နမ်ငရဲ၌ မည်သည့် အေးချမ်း၊ အေးဆေး၊ အေးမြမှုကိုမျှ၊ မြည်းစမ်းကြရမည် မဟုတ်ပေ။၎င်းပြင် မည်သည့်သောက်သုံးရာ ပစ္စည်းကိုမျှလည်း မြည်းစမ်းကြရမည် မဟုတ်ပေ။
إِلَّا حَمِيمًا وَغَسَّاقًا
ပွက်ပွက်ဆူလျက်ရှိသော ရေပူနှင့် ပြည်ပုပ်ကိုသာ (မြည်းစမ်းကြရပေမည်)။
جَزَاءً وِفَاقًا
(ဤသည် ၎င်းတို့အား ၎င်းတို့ ကျူးလွန်ခဲ့ကြကုန်သော ပြစ်မှုဒုစရိုက်များနှင့်)လျော်ညီစွာ အစားပေးခြင်းပင် ဖြစ်ပေသည်။
إِنَّهُمْ كَانُوا لَا يَرْجُونَ حِسَابًا
ဧကန်မလွဲ ၎င်းတို့သည် မည်သည့်စစ်ဆေးမှုကိုမျှ ကြောက်ရွံ့စိုးရိမ်ခဲ့ကြသည် မဟုတ်ပေ။ မျှော်လင့်ခဲ့ကြသည် မဟုတ်ပေ။

Choose other languages: