Quran Apps in many lanuages:

Surah An-Naba Ayahs #5 Translated in Burmese

عَمَّ يَتَسَاءَلُونَ
ထို (ကိယာမတ်ကို မယုံကြည်သောသူတို့သည်)မည်သည့်အရာနှင့်စပ်လျဉ်း၍ မိမိတို့ အချင်းချင်း မေးမြန်းလျက် ရှိကြသနည်း။
عَنِ النَّبَإِ الْعَظِيمِ
၎င်းတို့သည် အကြင် ကြီးကျယ်လှစွာသော(ကိယာမတ်၏)အကြောင်းသတင်းကို (မေးမြန်းလျက် ရှိကြကုန်၏)။
الَّذِي هُمْ فِيهِ مُخْتَلِفُونَ
၎င်းတို့သည် ယင်းအကြောင်းသတင်းနှင့်စပ်လျဉ်း၍ (အမြင်မှန်ရရှိသောသူတို့နှင့် အယူဝါဒ) ကွဲလွဲနေသူများ ဖြစ်ကြကုန်၏။
كَلَّا سَيَعْلَمُونَ
(၎င်းတို့သည် ကိယာမတ် ဖြစ်မည်မဟုတ်ဟု ထင်မှတ်နေကြ၏။) (ထိုသို့) အလျင်းမဟုတ်၊ (ထို ကိယာမတ်သည် မုချ ဆိုက်ရောက်လာမည်ဖြစ်ရာ) ၎င်းတို့သည် မကြာမြင့်မီပင် (ယင်းကိယာမသ်ကို မျက်မြင်ဒိဋ္ဌ တွေ့မြင်)သိရှိရပေမည်။
ثُمَّ كَلَّا سَيَعْلَمُونَ
ထို့နောက်တဖန် (ငါအရှင်မြတ် ထပ်မံ မိန့်ကြားတော်မူအံ့၊ ၎င်းတို့သည် ကိယာမတ်ဖြစ်မည် မဟုတ်ဟု ထင်မှတ်နေကြ၏၊) အလျင်းမဟုတ်၊ (ထို ကိယာမတ်သည် အမှန်ပင်ဆိုက်ရောက်လာမည် ဖြစ်ပေရာ) ၎င်းတို့သည် (မျက်ဝါးထင်ထင်တွေ့မြင်) သိရှိကြရမည်သာ။

Choose other languages: