Quran Apps in many lanuages:

Surah Al-Waqia Ayahs #61 Translated in Burmese

نَحْنُ خَلَقْنَاكُمْ فَلَوْلَا تُصَدِّقُونَ
ငါအရှင်မြတ်သည်ပင်လျှင် အသင်တို့အား ဖန်ဆင်းတော်မူခဲ့၏။ သို့ပါလျက် အသင်တို့သည် မည်သည့်အတွက်ကြောင့် ဟုတ်မှန်ကြောင်း ဝန်မခံ ကြလေသနည်း။
أَفَرَأَيْتُمْ مَا تُمْنُونَ
အသင်တို့ ပြောပြကြကုန်။ အသင်တို့သည် မိမိတို့သုတ်ရည် အစက်ချကြသည်။
أَأَنْتُمْ تَخْلُقُونَهُ أَمْ نَحْنُ الْخَالِقُونَ
ယင်းသုတ်ရည်ကို အသင်တို့ကိုယ်တိုင် (လူဖြစ်အောင်) ဖန်ဆင်းကြ�ေသလော။ သို့တည်းမဟုတ် ငါအရှင်မြတ်ပင် ဖန်ဆင်းတော်မူပါသလော။
نَحْنُ قَدَّرْنَا بَيْنَكُمُ الْمَوْتَ وَمَا نَحْنُ بِمَسْبُوقِينَ
ငါအရှင်မြတ်သည်ပင်လျှင် အသင်တို့ကြား၌’မရဏ’ သေဆုံးခြင်းကို တင်ရင်စီမံတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် မစွမ်းနိုင်တော်မူသောအရှင် မဟုတ်ပြီ၊
عَلَىٰ أَنْ نُبَدِّلَ أَمْثَالَكُمْ وَنُنْشِئَكُمْ فِي مَا لَا تَعْلَمُونَ
ငါအရှင်မြတ်သည် အသင်တို့ကဲ့သို့သော (အခြား)သူတို့အား ပြောင်းလဲ(ဖန်ဆင်းတော်မူ)ရန် လည်းကောင်း၊ အသင်တို့အား အသင်တို့ပင် မသိကြသော အခြေအနေမျိုး၌ ဖန်ဆင်းတော်မူရန်လည်းကောင်း။

Choose other languages: