Quran Apps in many lanuages:

Surah Al-Qamar Ayahs #43 Translated in Burmese

فَذُوقُوا عَذَابِي وَنُذُرِ
သို့ဖြစ်ပေရာ အသင်တို့သည် ငါအရှင်မြတ်၏ ပြစ်ဒဏ်ကိုလည်းကောင်း၊ ငါအရှင်မြတ်၏ သတိပေး နှိုးဆော်မှုများကိုလည်းကောင်း၊ မြည်းစမ်းကြလေကုန် (ဟု မိန့်ကြားတော်မူခဲ့၏။)
وَلَقَدْ يَسَّرْنَا الْقُرْآنَ لِلذِّكْرِ فَهَلْ مِنْ مُدَّكِرٍ
မလွဲကန် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ကျက်မှတ် တရားရယူအံ့သောငှာ လွယ်ကူစေတော်မူခဲ့ပေရာ ကျက်မှတ်တရားရယူသူ တစ်ဦးတစ်ယောက် ရှိလေသလော။
وَلَقَدْ جَاءَ آلَ فِرْعَوْنَ النُّذُرُ
ထိုမှတစ်ပါး မုချဧကန် ‘ဖစ်ရ်အောင်န်’ ၏ခြွေရံသင်းပင်းတို့ထံလည်း သတိပေးနှိုးဆော်ချက်များ ရောက်ရှိလာခဲ့၏။
كَذَّبُوا بِآيَاتِنَا كُلِّهَا فَأَخَذْنَاهُمْ أَخْذَ عَزِيزٍ مُقْتَدِرٍ
၎င်းတို့သည် ငါအရှင်မြတ်၏ သက်သေ လက္ခဏာအလုံးစုံတို့ကို မဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အား နိုင်နင်းလွှမ်းမိုးတော်မူသော တန်ခိုးနှင့် ပြည့်စုံတော်မူသောအရှင်၏ ဖမ်းဆီးပုံမျိုးနှင့် ဖမ်းဆီး အရေးယူတော်မူခဲ့၏။
أَكُفَّارُكُمْ خَيْرٌ مِنْ أُولَٰئِكُمْ أَمْ لَكُمْ بَرَاءَةٌ فِي الزُّبُرِ
အသင်တို့ခေတ်၌ရှိကုန်သော ‘ကာဖိရ်’သွေဖည်ငြင်းပယ်သူတို့သည် ၎င်းတို့ထက် သာလွန် မြင့်မြတ်ကြ လေသလော၊ သို့တည်းမဟုတ် ကျမ်းဂန်များ၌ အသင်တို့အဖို့ လွတ်ငြိမ်းခွင့်ရှိသည်ဟူ၍ လာရှိလေသလော။

Choose other languages: