Quran Apps in many lanuages:

Surah Al-Qalam Ayahs #52 Translated in Burmese

لَوْلَا أَنْ تَدَارَكَهُ نِعْمَةٌ مِنْ رَبِّهِ لَنُبِذَ بِالْعَرَاءِ وَهُوَ مَذْمُومٌ
အကယ်၍သာလျှင် ထိုငါးရှင်အား ၎င်း၏အရှင်မြတ်ထံတော်မှ ကျေးဇူးတော်သည် သက်ရောက်ခဲ့သည်မရှိမူ အမှန်ပင် ထိုငါးရှင်မှာ အခြေမလှဖြစ်လျက် သစ်ပင်၊ ဝါးပင်၊ အိုးအိမ်စသည် (လုံးဝ)မရှိသော လွင်ပြင်ဝယ် ပစ်ထားခြင်းကိုခံခဲ့ရမည်သာ။
فَاجْتَبَاهُ رَبُّهُ فَجَعَلَهُ مِنَ الصَّالِحِينَ
သို့တစေလည်း ထိုငါးရှင်အား ၎င်း၏အရှင်မြတ်သည် ရွေးချယ်မြှောက်စားတော်မူပြီးလျှင် သူတော်ကောင်းတို့တွင် ပါဝင်စေတော်မူခဲ့၏။
وَإِنْ يَكَادُ الَّذِينَ كَفَرُوا لَيُزْلِقُونَكَ بِأَبْصَارِهِمْ لَمَّا سَمِعُوا الذِّكْرَ وَيَقُولُونَ إِنَّهُ لَمَجْنُونٌ
စင်စစ်သော်ကား ဧကန်မလွဲ ‘ကာဖိရ်’သွေဖည်ငြင်းပယ်သူတို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို နားထောင်ကြသောအခါ ၎င်းတို့၏ မျက်စိများဖြင့် အသင့်အား ချွတ်ချော်စေအံ့ဆဲဆဲ ဖြစ်ကြလေ၏။ ထိုမှတစ်ပါး ၎င်းတို့က ဧကန်အမှန် ဤသူသည် ရူးသွပ်နေသည်ဟု ပြောဆိုကုန်၏။
وَمَا هُوَ إِلَّا ذِكْرٌ لِلْعَالَمِينَ
စင်စစ် ယင်း ကုရ်အာန်ကျမ်းတော်မြတ်မှာ စကြဝဠာခပ်သိမ်းတို့အဖို့ ဆုံးမဩဝါဒမှတစ်ပါး အခြားမဟုတ်ပြီတကား။

Choose other languages: