Quran Apps in many lanuages:

Surah Al-Qadr Ayahs #5 Translated in Burmese

إِنَّا أَنْزَلْنَاهُ فِي لَيْلَةِ الْقَدْرِ
ဧကန်မလွဲ ငါအရှင်မြတ်သည်ပင် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို "လိုက်လသုလ်ကဒ်ရ်" မြင့်မြတ်သောညဉ့်၌ ချပေးသနားတော်မူခဲ့၏။
وَمَا أَدْرَاكَ مَا لَيْلَةُ الْقَدْرِ
စင်စစ် "လိုက်လသုလ်ကဒ်ရ်" မြင့်မြတ်သောညဉ့်သည် အဘယ်နည်းဟု အသင် သိပါသလော။
لَيْلَةُ الْقَدْرِ خَيْرٌ مِنْ أَلْفِ شَهْرٍ
လိုက်လသုလ်ကဒ်ရ်" မြင့်မြတ်သော ညဉ့်ကား လပေါင်းတစ်ထောင်ထက်ပင် ပိုမို၍ ကောင်းမြတ်လှ၏၊
تَنَزَّلُ الْمَلَائِكَةُ وَالرُّوحُ فِيهَا بِإِذْنِ رَبِّهِمْ مِنْ كُلِّ أَمْرٍ
ထိုညဉ့်၌ ကောင်းကင်တမန်များသည်လည်းကောင်း၊ ဂျစ်ဗ်ရိလ်သည်လည်းကောင်း၊ မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ် အမိန့်တော်ဖြင့် ကောင်းမြတ်သော အရေးကိစ္စအသီးသီးကို ယူဆောင်၍ ဆင်းသက်လာကြကုန်၏။
سَلَامٌ هِيَ حَتَّىٰ مَطْلَعِ الْفَجْرِ
ထိုညဉ့်ကား နံနက်မိုးသောက်ချိန်တိုင် ငြိမ်းချမ်းသောညပင် ဖြစ်ချေသတည်း။(ငြိမ်းချမ်းမှုချည်းသာတည်း)။

Choose other languages: