Quran Apps in many lanuages:

Surah Al-Mursalat Ayahs #48 Translated in Burmese

إِنَّا كَذَٰلِكَ نَجْزِي الْمُحْسِنِينَ
ဧကန်မလွဲ ငါအရှင်မြတ်သည် ကောင်းမှုပြုသူတို့အား ဤအတိုင်းပင် အစားပေးလေ့ရှိတော်မူ၏။
وَيْلٌ يَوْمَئِذٍ لِلْمُكَذِّبِينَ
ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာသော) ပျက်စီးမှုသည် ရှိပေမည်။
كُلُوا وَتَمَتَّعُوا قَلِيلًا إِنَّكُمْ مُجْرِمُونَ
အသင်တို့သည် (ဤပစ္စက္ခဘဝ၌) အနည်းငယ်မျှ (ကာလတိုင်အောင်) စားသုံးခြင်းကိုလည်းကောင်း၊ အကျိုးခံစားခြင်းကိုလည်းကောင်း၊ ပြုကြ လေကုန်။ ဧကန်မလွဲ အသင်တို့သည် အပြစ်ရှိသူများပင် ဖြစ်ကြကုန်၏။
وَيْلٌ يَوْمَئِذٍ لِلْمُكَذِّبِينَ
ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာသော) ပျက်စီးမှုသည် ရှိပေမည်။
وَإِذَا قِيلَ لَهُمُ ارْكَعُوا لَا يَرْكَعُونَ
စင်စစ်သော်ကား ၎င်းတို့အား အသင်တို့သည် `ရူကူအ်` ဦးညွှတ်ကြလေကုန်၊ ဟု အမိန့်ပေးတော်မူသောအခါ ၎င်းတို့သည် "ရူကူအ်" ဦးညွှတ် ခြင်းကို ပြုကြသည် မဟုတ်ပေ။

Choose other languages: