Quran Apps in many lanuages:

Surah Al-Mumenoon Ayahs #95 Translated in Burmese

مَا اتَّخَذَ اللَّهُ مِنْ وَلَدٍ وَمَا كَانَ مَعَهُ مِنْ إِلَٰهٍ ۚ إِذًا لَذَهَبَ كُلُّ إِلَٰهٍ بِمَا خَلَقَ وَلَعَلَا بَعْضُهُمْ عَلَىٰ بَعْضٍ ۚ سُبْحَانَ اللَّهِ عَمَّا يَصِفُونَ
အလ္လာဟ်အရှင်မြတ်သည် သားတော်ဟူ၍ တစ်ဦးတစ်ယောက်မျှပင် ရွေးချယ်ပြုလုပ်ထားတော်မူသည် မဟုတ်ပေ။ ထိုနည်းတူစွာ ထိုအရှင်နှင့်အတူ ကိုးကွယ်ရာဟူ၍လည်း (အခြား) တစ်ဦးတစ်ယောက်မျှပင် အလျှင်းမရှိချေ။ သို့ရှိခဲ့ပါမူ ကိုးကွယ်ရာတိုင်းသည် မိမိဖန်ဆင်းထားသာ အရာခပ်သိမ်းတို့ကို အမှန်ပင် ခေါ်ဆောင်၍ ထွက်ခွာသွားခဲ့မည်သာမက၊ ထိုကိုးကွယ်ရာတို့အနက် တစ်ဦးသည် တစ်ဦး၏အပေါ်၌ မုချလွှမ်းမိုးခဲ့မည်သာ။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ ကြံဖန်စွပ်စွဲ ပြောဆိုကြကုန်သော အကြောင်းကိစ္စတို့မှ လုံးဝစင်ကြယ်သန့်ရှင်းတော်မူ၏။
عَالِمِ الْغَيْبِ وَالشَّهَادَةِ فَتَعَالَىٰ عَمَّا يُشْرِكُونَ
မျက်ကွယ်၌ ရှိသမျှတို့ကိုလည်းကောင်း၊ မျက်မှောက်၌ ရှိသမျှတို့ကိုလည်းကောင်း၊ အကြွင်းမဲ့သိမြင်တော်မူသောအရှင်၊ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်းတို့ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့ထက် လွန်စွာ မြင့်မြတ်လှတော်မူပေသတည်း။
قُلْ رَبِّ إِمَّا تُرِيَنِّي مَا يُوعَدُونَ
(အို-နဗီတမန်တော်) အသင်သည် (ဤသို့) လျှောက်ထားပါလေ။ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ အကယ်၍ အရှင်မြတ်သည် ထို(ကာဖိရ်သွေဖည် ငြင်းပယ်သော)သူတို့ ချိန်းချက်ခြင်းခံကြရကုန်သော (ပြစ်ဒဏ်)ကို ကျွန်တော်မျိုးအား ပြသတော်မူလျှင်၊
رَبِّ فَلَا تَجْعَلْنِي فِي الْقَوْمِ الظَّالِمِينَ
အို-ကျွန်တော်မျိုး၏ အရှင်မြတ်၊ ထိုအခါ အရှင်မြတ် သည် ကျွန်တော်မျိုးအား မတရားကျူးလွန်သော အမျိုးသားတွင် ပါဝင်စေတော်မမူပါနှင့်၊
وَإِنَّا عَلَىٰ أَنْ نُرِيَكَ مَا نَعِدُهُمْ لَقَادِرُونَ
စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် ၎င်းတို့အား ချိန်းချက်တော်မူသော(ပြစ်ဒဏ်ကို) အသင့်အား ပြသတော်မူရန် တတ်စွမ်းနိုင်တော်မူသောအရှင် အမှန်ပင် ဖြစ်တော်မူ၏။

Choose other languages: