Quran Apps in many lanuages:

Surah Al-Mumenoon Ayahs #79 Translated in Burmese

وَلَوْ رَحِمْنَاهُمْ وَكَشَفْنَا مَا بِهِمْ مِنْ ضُرٍّ لَلَجُّوا فِي طُغْيَانِهِمْ يَعْمَهُونَ
စင်စစ်အကယ်၍ ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ သနားကရုဏာပြုတော်မူခဲ့သော်၊ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့၌ သက်ရောက်နေသော ဘေးဒုက္ခကို ပပျောက်စေတော်မူခဲ့သော်၊ ၎င်းတို့သည် မိမိတို့၏ လမ်းမှားမှု၌ပင် တဝဲလည်လည်ဖြစ်ကြလျက် ခေါင်းမာမြဲ မာနေကြမည်သာတည်း။
وَلَقَدْ أَخَذْنَاهُمْ بِالْعَذَابِ فَمَا اسْتَكَانُوا لِرَبِّهِمْ وَمَا يَتَضَرَّعُونَ
၎င်းပြင် မလွဲဧကန် ငါအရှင်မြတ်သည် ထိုသူတို့အား ပြစ်ဒဏ်ဖြင့် ဖမ်းဆီးကွပ်မျက်တော်မူခဲ့လေသည်။ သို့တစေလည်း ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ရှေ့တော်မှောက်တွင် ကျိုးနွံ့ နိမ့်ကျလာခဲ့ကြသည်လည်းမရှိပေ။ တိုးလျှိုးတောင်းပန် အသနားခံခဲ့ကြသည်လည်း မရှိချေ။
حَتَّىٰ إِذَا فَتَحْنَا عَلَيْهِمْ بَابًا ذَا عَذَابٍ شَدِيدٍ إِذَا هُمْ فِيهِ مُبْلِسُونَ
နောက်ဆုံးတွင် အကြင်အခါဝယ် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ ပြင်းထန်လှသောပြစ်ဒဏ်၏ တံခါးကိုဖွင့်လှစ်တော်မူခဲ့ပါလျှင် ထိုအခါတွင်မူ ၎င်းတို့သည် မျှော်လင့်ချက် လုံးဝကင်းသွားကြပေမည်။
وَهُوَ الَّذِي أَنْشَأَ لَكُمُ السَّمْعَ وَالْأَبْصَارَ وَالْأَفْئِدَةَ ۚ قَلِيلًا مَا تَشْكُرُونَ
စင်စစ်သော်ကား ထိုအရှင်မြတ်သည်ပင် အသင်တို့အဖို့ နားများကိုလည်းကောင်း၊ မျက်စိများကိုလည်းကောင်း၊ စိတ်နှလုံးများကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့၏။ (သို့ရာတွင်) အသင်တို့သည် အနည်းငယ် စိုးစဉ်းမျှသာလျှင် ကျေးဇူးသိတတ်ကြကုန်၏။
وَهُوَ الَّذِي ذَرَأَكُمْ فِي الْأَرْضِ وَإِلَيْهِ تُحْشَرُونَ
၎င်းပြင်၊ ထိုအရှင်မြတ်သည်ပင် အသင်တို့အား ပထဝီမြေဝယ် ပျံ့နှံ့ပွားများစေတော်မူခဲ့သောအရှင် ဖြစ်တော်မူ၏။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ် အထံတော်သို့ပင် စုရုံးကြရပေမည်။

Choose other languages: