Quran Apps in many lanuages:

Surah Al-Mumenoon Ayahs #53 Translated in Burmese

وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ لَعَلَّهُمْ يَهْتَدُونَ
အမှန်သော်ကား (ဖစ်ရ်အောင်န်နှင့် ၄င်း၏မှူးမတ်များ သေကြေပျက်စီးကြပြီးနောက်) ငါအရှင်မြတ်သည် တမန်တော်မူစာအား တောင်ရာတ်ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ သို့မှသာလျှင် (တမန်တော်မူစာ၏) ယင်းအစ္စရာအီလီ အမျိုးသားများ တရားလမ်းမှန်ကို ရရှိကြပေမည်။
وَجَعَلْنَا ابْنَ مَرْيَمَ وَأُمَّهُ آيَةً وَآوَيْنَاهُمَا إِلَىٰ رَبْوَةٍ ذَاتِ قَرَارٍ وَمَعِينٍ
စင်စစ် ငါအရှင်မြတ်သည် မရ်ယမ်၏သားတော် (အီစာ)နှင့် ထိုသားတော်၏မယ်တော် (မရ်ယမ်)အား ကြီးကျယ်သော သက်သေလက္ခဏာတော်တစ်ပါး ပြုလုပ်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသားအမိနှစ်ပါးစလုံးကို တည်းခိုရန် သင့်လျော်၍ စိုပြည်သော၊ စီးတွေသော ရေများလည်းရှိသောကမူ၌ ခိုလှုံစေတော်မူခဲ့၏။
يَا أَيُّهَا الرُّسُلُ كُلُوا مِنَ الطَّيِّبَاتِ وَاعْمَلُوا صَالِحًا ۖ إِنِّي بِمَا تَعْمَلُونَ عَلِيمٌ
အို-ရစူလ်တမန်တော်အပေါင်းတို့၊ အသင်တို့သည် (ဟလာလ်) စင်ကြယ်သန့်ရှင်းသောအရာများကို စားသုံးကြလေကုန်။ ၎င်းပြင် အသင်တို့သည် ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူ ဆောက်တည်ကြလေကုန်။ ဧကန်အမှန် ငါအရှင်မြတ်သည် အသင်တို့ ကျင့်မူကြသည်တို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
وَإِنَّ هَٰذِهِ أُمَّتُكُمْ أُمَّةً وَاحِدَةً وَأَنَا رَبُّكُمْ فَاتَّقُونِ
၎င်းပြင် ဧကန်မလွဲ ဤသည် အသင်တို့၏သာသနာပင်။ တစ်ခုတည်းသောသာသနာ။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေရာ အသင်တို့သည် ငါအရှင်မြတ်အားသာလျှင် ကြောက်ရွံ့ကြလေကုန်။
فَتَقَطَّعُوا أَمْرَهُمْ بَيْنَهُمْ زُبُرًا ۖ كُلُّ حِزْبٍ بِمَا لَدَيْهِمْ فَرِحُونَ
သို့ရာတွင် ထိုနောက်လိုက်များသည် မိမိတို့ အချင်းချင်းတွင် မိမိတို့၏သာသနာကို အပိုင်းပိုင်း ပိုင်းဖြတ်(ကာအုပ်စုအသီးသီး ဖြစ်သွား)ခဲ့ကြကုန်၏။ အုပ်စုတိုင်းသည် မိမိတို့၌ရှိသော (သာသနာ)နှင့် ပျော်ပိုက်လျက်ရှိကြကုန်၏။

Choose other languages: