Quran Apps in many lanuages:

Surah Al-Mumenoon Ayahs #29 Translated in Burmese

إِنْ هُوَ إِلَّا رَجُلٌ بِهِ جِنَّةٌ فَتَرَبَّصُوا بِهِ حَتَّىٰ حِينٍ
(စစ်စစ်) ဤနူဟ်သည် ရူးသွပ်ခြင်း(ဝေဒနာစွဲ ကပ်လျက်)ရှိသော သူ(ရူး)တစ်ဦးမျှပင် ဖြစ်ပေရာ အသင်တို့သည် ၎င်းနှင့်ပတ်သက်၍ ကာလအတန်ကြာသည့်တိုင်အောင် စောင့်မျှော်(၍သာကြည့်နေ)ကြလေကုန်။
قَالَ رَبِّ انْصُرْنِي بِمَا كَذَّبُونِ
ထို(နဗီတမန်တော်) နူဟ်က အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ၎င်းတို့သည် ကျွန်တော်မျိုးအား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောကြောင့် အရှင်မြတ်သည် ကျွန်တော်မျိုးအား ကူညီစောင်မတော်မူပါဟု လျှောက်ထားအသနားခံခဲ့လေသည်။
فَأَوْحَيْنَا إِلَيْهِ أَنِ اصْنَعِ الْفُلْكَ بِأَعْيُنِنَا وَوَحْيِنَا فَإِذَا جَاءَ أَمْرُنَا وَفَارَ التَّنُّورُ ۙ فَاسْلُكْ فِيهَا مِنْ كُلٍّ زَوْجَيْنِ اثْنَيْنِ وَأَهْلَكَ إِلَّا مَنْ سَبَقَ عَلَيْهِ الْقَوْلُ مِنْهُمْ ۖ وَلَا تُخَاطِبْنِي فِي الَّذِينَ ظَلَمُوا ۖ إِنَّهُمْ مُغْرَقُونَ
ထိုအခါ ငါအရှင်မြတ်သည် ထို (နဗီတမန်တော်)နူဟ်၏ထံသို့ (ဤသို့) "ဝဟ်ယ်" အမိန့်တော် ထုတ်ပြန်တော်မူခဲ့၏။ (အို-နူဟ်၊) အသင်သည် ငါအရှင်မြတ်၏အမိန့်တော်အရ ငါအရှင်မြတ်၏ မျက်စိအောက်တွင် သင်္ဘောကို ပြုလုပ်တည်ဆောက်ပါလေ။ ထို့နောက် ငါအရှင်မြတ်၏အမိန့်တော် ရောက် ရှိလာ၍ မုံ့ဖိုသည် ဆူပွက်လာသောအခါ အသင်သည် (တိရစ္ဆာန်) အမျိုးအစား အသီးသီးတို့မှ တစ်စုံစီကိုလည်းကောင်း၊ အသင်၏ အိမ်သူအိမ်သား တို့အနက် အမိန့်တော် ထုတ်ပြန်ပြီး ဖြစ်သောသူမှတစ်ပါး ကျန်အိမ်သူအိမ်သားတို့ကို လည်းကောင်း၊ ထိုသင်္ဘော (ပေါ်)တွင် တင်ဆောင်ပါလေ။ သို့ရာတွင် (မိမိတို့ ကိုယ်ကို မိမိတို့ပင်) နှိပ်စက်ကလူပြုကြကုန်သော သူတို့နှင့် ပတ်သက်၍မူကား အသင်သည် ငါအရှင်မြတ် အထံတော်တွင် (တစ်စုံတစ်ရာကို) လျှောက်ထား ပန်ကြားခြင်းကို မပြုလေနှင့်။ ဧကန်မလွဲ ၎င်းတို့သည် နစ်မြုပ်စေခြင်းခံကြရမည့်သူများပင် ဖြစ်ကြကုန်သည်။
فَإِذَا اسْتَوَيْتَ أَنْتَ وَمَنْ مَعَكَ عَلَى الْفُلْكِ فَقُلِ الْحَمْدُ لِلَّهِ الَّذِي نَجَّانَا مِنَ الْقَوْمِ الظَّالِمِينَ
တစ်ဖန် အသင်နှင့်တကွ အသင်နှင့်အတူ (လိုက်ပါကြကုန်သော)အဖော်များပါ သင်္ဘောပေါ်တွင် ကျနစွာထိုင်ပြီး ကြသောအခါ အသင်သည် "ချီးမွမ်းထောပနာ အပေါင်းတို့ သည် ကျွန်တော်မျိုးတို့အား မတရားသဖြင့် နှိပ်စက်ကြကုန်သော အမျိုးသားတို့(၏ဘေးအန္တရာယ်)များမှ ကင်းလွတ်စေတော်မူသော အလ္လာဟ်အရှင်မြတ်သည်သာလျှင် ခံယူထိုက်တော်မူပါသည်" ဟု ရွတ်ဆိုပါလေ။
وَقُلْ رَبِّ أَنْزِلْنِي مُنْزَلًا مُبَارَكًا وَأَنْتَ خَيْرُ الْمُنْزِلِينَ
ထိုမှတစ်ပါး အသင်သည် (သင်္ဘောပေါ်မှဆင်း သောအခါ) "အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူ သောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ကျက်သရေမင်္ဂလာနှင့်ပြည့်စုံစွာ၊ ပြည့်စုံသောနေရာသို့ ဆင်းသက်စေတော်မူပါ။ စင်စစ် အရှင်မြတ်သည် အကောင်းဆုံးသောဆင်း သက်စေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါသည်" ဟုလျှောက်ထားပန်ကြားပါလေ။

Choose other languages: