Quran Apps in many lanuages:

Surah Al-Mumenoon Ayahs #14 Translated in Burmese

أُولَٰئِكَ هُمُ الْوَارِثُونَ
ထို("မုအ်မင်န်" သက်ဝင်ယုံကြည်)သူတို့သည်ပင်လျှင် အမွေခံမည့်သူများ ဖြစ်ကြကုန်၏။
الَّذِينَ يَرِثُونَ الْفِرْدَوْسَ هُمْ فِيهَا خَالِدُونَ
၎င်းတို့သည် ဖိရ်ဒေါက်စ်(တည်းဟူသောဥယျာဉ်) ကို အမွေခံကြပေမည်။ ၎င်းတို့သည် ယင်း ဖိရ်ဒေါက်စ်တွင် အစဉ်ထာဝရ နေထိုင်မည့်သူများပင် ဖြစ်ကြကုန်သတည်း။
وَلَقَدْ خَلَقْنَا الْإِنْسَانَ مِنْ سُلَالَةٍ مِنْ طِينٍ
မချွတ်မလွဲ ငါအရှင်မြတ်သည် လူသားကို ရွှံ့မြေ ၏ အဆီအနှစ်ဖြင့့်် ဖန်ဆင်းတော် မူခဲ့၏။
ثُمَّ جَعَلْنَاهُ نُطْفَةً فِي قَرَارٍ مَكِينٍ
ထို့နောက် ငါအရှင်မြတ်သည် ထိုလူသား(၏ အဆက်အနွယ်)ကို လုံခြုံသောနေရာတစ်ခု (သားအိမ်တွင်း)၌ ကလလရေကြည် ဖြစ်စေတော်မူခဲ့၏။
ثُمَّ خَلَقْنَا النُّطْفَةَ عَلَقَةً فَخَلَقْنَا الْعَلَقَةَ مُضْغَةً فَخَلَقْنَا الْمُضْغَةَ عِظَامًا فَكَسَوْنَا الْعِظَامَ لَحْمًا ثُمَّ أَنْشَأْنَاهُ خَلْقًا آخَرَ ۚ فَتَبَارَكَ اللَّهُ أَحْسَنُ الْخَالِقِينَ
ထို့နောက် ငါအရှင်မြတ်သည် ယင်း ကလလရေကြည်ကို သွေးခဲအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ တစ်ဖန် ငါအရှင်မြတ်သည် ယင်းသွေးခဲကို အသားတုံးအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ တစ်ဖန် ငါအရှင်မြတ်သည် ယင်းအသားတုံးကို အရိုးများအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ ထို့နောက် ငါအရှင် မြတ်သည် ယင်းအရိုးများကို အသားဖြင့် တန်ဆာဆင်မြန်း၍ ပေးတော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်း(အသားဖြင့် ဆင်မြန်းပြီးဖြစ်သောအရိုးများ)ကို အခြားဖန်ဆင်းအပ်သော အရာတစ်ခုအဖြစ် ဖြစ်ပေါ်၍လာစေတော်မူခဲ့၏။ သို့ဖြစ်ပေရာ အကောင်းဆုံးသော ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်သည် အဘယ်မျှ ထူးကဲမြင့်မြတ်လှဘိပါသနည်း။

Choose other languages: