Quran Apps in many lanuages:

Surah Al-Mulk Ayahs #30 Translated in Burmese

قُلْ أَرَأَيْتُمْ إِنْ أَهْلَكَنِيَ اللَّهُ وَمَنْ مَعِيَ أَوْ رَحِمَنَا فَمَنْ يُجِيرُ الْكَافِرِينَ مِنْ عَذَابٍ أَلِيمٍ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် ငါ့အားလည်းကောင်း၊ ငါနှင့်အတူရှိသူတို့အားလည်းကောင်း၊ ဖျက်ဆီးတော်မူခဲ့ပါလျှင် သို့မဟုတ် ထိုအရှင်မြတ်သည် ငါတို့အား သနားကရုဏာပြုတော်မူခဲ့ပါလျှင် "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့အား နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်မှ မည်သူ ကာကွယ်စောင့်ရှောက်မည်နည်း။ အသင်တို့သည်(ငါ့အား) ပြောပြကြလေကုန်။
قُلْ هُوَ الرَّحْمَٰنُ آمَنَّا بِهِ وَعَلَيْهِ تَوَكَّلْنَا ۖ فَسَتَعْلَمُونَ مَنْ هُوَ فِي ضَلَالٍ مُبِينٍ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့)ထိုအရှင်မြတ်သည်ပင် "ရဟ်မာန်" မဟာကရုဏာတော်ရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်အားသာလျှင် ငါတို့သည် သက်ဝင် ယုံကြည်ကြကုန်၏။ ၄င်းပြင် ထိုအရှင်မြတ်အပေါ်၌သာလျှင် ငါတို့သည် ယုံကြည်လွှဲအပ်ကြကုန်၏။ စင်စစ်သော်ကား မည်သူသည် ထင်ရှားစွာသော လမ်းမှန်၌ ရှိနေသည်ကို မကြာမြင့်မီပင် အသင်တို့ သိရှိကြရပေတော့မည်။
قُلْ أَرَأَيْتُمْ إِنْ أَصْبَحَ مَاؤُكُمْ غَوْرًا فَمَنْ يَأْتِيكُمْ بِمَاءٍ مَعِينٍ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) အကယ်၍ အသင်တို့၏ ရေသည် (မြေဝယ်)တိမ်မြုပ်၍ သွားခဲ့ပါလျှင် အသင်တို့ထံ ကြည်လင်စီးတွေသော ရေကို မည်သူယူလာအံ့နည်း။

Choose other languages: