Quran Apps in many lanuages:

Surah Al-Maarij Ayahs #14 Translated in Burmese

وَلَا يَسْأَلُ حَمِيمٌ حَمِيمًا
၎င်းပြင် အဆွေခင်ပွန်း တစ်ဦးတစ်ယောက်ကမျှပင် မည်သည့် အဆွေခင်ပွန်းကိုမျှပင် မေးမြန်းမည် မဟုတ်ပေ။
يُبَصَّرُونَهُمْ ۚ يَوَدُّ الْمُجْرِمُ لَوْ يَفْتَدِي مِنْ عَذَابِ يَوْمِئِذٍ بِبَنِيهِ
(စင်စစ်) ၎င်းတို့သည် အချင်းချင်း ပြသခြင်းကိုလည်း ခံကြရပေမည်။ (ထိုနေ့တွင်) အပြစ်ရှိသောသူသည် ထိုနေ့၏ပြစ်ဒဏ်မှ (လွတ်မြောက်ရန်) မိမိ သားများအားလည်းကောင်း၊
وَصَاحِبَتِهِ وَأَخِيهِ
မိမိကြင်ဖော်အားလည်းကောင်း၊ မိမိညီအစ်ကိုများအားလည်းကောင်း၊
وَفَصِيلَتِهِ الَّتِي تُؤْوِيهِ
မိမိအား ခိုလှုံနေထိုင်ရာ နေရာပေးသောဆွေမျိုးသားချင်းကိုလည်းကောင်း၊
وَمَنْ فِي الْأَرْضِ جَمِيعًا ثُمَّ يُنْجِيهِ
ပထဝီမြေဝယ် ရှိကုန်သောသူ အားလုံးတို့အားလည်းကောင်း၊ အစားထိုး လျော်ကြေးပေးပြီးနောက် ထိုလျော်ကြေးသည် မိမိအား လွတ်မြောက်စေလျှင် ကောင်းလေစွဟု အာသာဆန္ဒရှိပေမည်။

Choose other languages: