Quran Apps in many lanuages:

Surah Al-Kahf Ayahs #93 Translated in Burmese

ثُمَّ أَتْبَعَ سَبَبًا
ထိုနောက် ယင်းဇုလ်ကရ်နိုင်န်သည်(အခြားသော)လမ်းတစ်ခုကို လိုက်ပြန်လေ၏။
حَتَّىٰ إِذَا بَلَغَ مَطْلِعَ الشَّمْسِ وَجَدَهَا تَطْلُعُ عَلَىٰ قَوْمٍ لَمْ نَجْعَلْ لَهُمْ مِنْ دُونِهَا سِتْرًا
နောက်ဆုံးတွင် ယင်းဇုလ်ကရ်နိုင်န်သည် နေထွက်ရာနေရာသို့ ရောက်ရှိခဲ့သောအခါ ထိုနေကို အကြင်လူမျိုးတစ်မျိုး၏အပေါ်၌ ထွက်နေဘိသကဲ့သို့ တွေ့ရှိခဲ့လေသည်။ ငါအရှင်မြတ်သည် ထိုလူမျိုးအားနေ၏ ဤမှာဘက်တွင် အကာအကွယ်တစ်စုံတစ်ရာကိုမျှ ပြုလုပ်၍ပေးတော်မူခဲ့သည်မဟုတ်ချေ။
كَذَٰلِكَ وَقَدْ أَحَطْنَا بِمَا لَدَيْهِ خُبْرًا
(ဇုလ်ကရ်နိုင်န်၏အထ္ထုပတ္တိအကြောင်းကား) ဤအတိုင်းပင်ဖြစ်၏။ စင်စစ်ဧကန် ငါအရှင်မြတ်သည် ယင်းဇုလ်ကရ်နိုင်န်ထံ၌ ရှိသမျှ(သောလက်နက် ကိရိယာအလုံးစုံ)တို့ကိုတစ်ခုမကျန် သိရှိတော်မူပေသတည်း။
ثُمَّ أَتْبَعَ سَبَبًا
ထို့နောက် ယင်းဇုလ်ကရ်နိုင်န်သည်(အခြားသော)လမ်းတစ်ခုကို လိုက်ခဲ့ပြန်လေ၏။
حَتَّىٰ إِذَا بَلَغَ بَيْنَ السَّدَّيْنِ وَجَدَ مِنْ دُونِهِمَا قَوْمًا لَا يَكَادُونَ يَفْقَهُونَ قَوْلًا
နောက်ဆုံးတွင်ယင်းဇုလ်ကရ်နိုင်န်သည် တောင်နှစ်လုံး၏အကြားသို့ ရောက်ရှိခဲ့သောအခါ ယင်းတောင် နှစ်လုံး၏ဤမှာဘက်တွင် မည်သည့်စကားကိုမျှ နားမလည်နိုင်ကြသောလူမျိုးတစ်မျိုးကို တွေ့ရှိခဲ့လေသည်။

Choose other languages: