Quran Apps in many lanuages:

Surah Al-Kahf Ayahs #57 Translated in Burmese

وَرَأَى الْمُجْرِمُونَ النَّارَ فَظَنُّوا أَنَّهُمْ مُوَاقِعُوهَا وَلَمْ يَجِدُوا عَنْهَا مَصْرِفًا
ထိုမှတစ်ပါး အပြစ်ရှိသူတို့သည် (ဂျဟန္နမ်ငရဲ)မီးကို တွေ့မြင်ကြသောအခါ ၎င်းတို့သည် ဧကန်မလွဲ မိမိတို့မှာယင်းမီးထဲသို့ ကျဆင်းအံ့သောသူများပင် ဖြစ်ကြသည်ဟုယုံကြည်ကြပေမည်။ သို့ရာတွင် ၎င်းတို့သည် ယင်းမီး(ဘေးမှ)လွဲရှောင်နိုင်ရန်နေရာတစ်စုံတစ်ခုကိုမျှတွေ့ရှိကြမည်မဟုတ်ပေ။
وَلَقَدْ صَرَّفْنَا فِي هَٰذَا الْقُرْآنِ لِلنَّاسِ مِنْ كُلِّ مَثَلٍ ۚ وَكَانَ الْإِنْسَانُ أَكْثَرَ شَيْءٍ جَدَلًا
၎င်းပြင် ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်မြတ်တွင် လူတို့၏အကျိုးငှာ ဥပမာပုံဆောင်ချက် အလုံးစုံတို့ကို အနည်းနည်းအဖုံဖုံဖြင့် မိန့်ကြား တော်မူခဲ့ပေသည်။ စင်စစ်လူသားတို့မှာ အရာခပ်သိမ်းတို့ထက် အငြင်းအသန်ဆုံးပင်ဖြစ်ကြကုန်သတည်း။
وَمَا مَنَعَ النَّاسَ أَنْ يُؤْمِنُوا إِذْ جَاءَهُمُ الْهُدَىٰ وَيَسْتَغْفِرُوا رَبَّهُمْ إِلَّا أَنْ تَأْتِيَهُمْ سُنَّةُ الْأَوَّلِينَ أَوْ يَأْتِيَهُمُ الْعَذَابُ قُبُلًا
စင်စစ် လူတို့အား ၎င်းတို့ထံ တရားလမ်းမှန်ရောက်ရှိခဲ့ပြီးနောက် သက်ဝင်ယုံကြည်ခြင်းမှလည်း ကောင်း၊မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် လွတ်ငြိမ်းခွင့်ကို အသနားခံပန်ကြားခြင်းမှလည်းကောင်း၊(မည်သည့်အရာကမျှပင်) တားဆီးခဲ့သည့် မဟုတ်ပေ။ သို့ရာတွင် ထိုသူတို့သည် မိမိတို့ထံ ရှေးသူဟောင်းတို့(ထံ ရောက်ရှိခဲ့သည့် စီရင်ချက်)ကဲ့သို့သော စီရင်ချက်သည် ရောက်ရှိလာခဲ့ခြင်းကိုသော်လည်းကောင်း၊ မိမိတို့ထံ အမျိုးမျိုးသောပြစ်ဒဏ်များသည် ဆိုက်ရောက်လာခြင်းကိုသော်လည်းကောင်း၊ (စောင့်မျှော်၍ပင်နေခဲ့ကြကုန်သတည်း၊)
وَمَا نُرْسِلُ الْمُرْسَلِينَ إِلَّا مُبَشِّرِينَ وَمُنْذِرِينَ ۚ وَيُجَادِلُ الَّذِينَ كَفَرُوا بِالْبَاطِلِ لِيُدْحِضُوا بِهِ الْحَقَّ ۖ وَاتَّخَذُوا آيَاتِي وَمَا أُنْذِرُوا هُزُوًا
စင်စစ်သော်ကား ငါအရှင်မြတ်သည် ရစူလ်တမန်တော်တို့အား သတင်းကောင်းပြောကြားသူများ သတိပေးနှိုးဆော်သူများအဖြစ်သာလျှင် စေလွှတ်တော်မူ၏။ သို့ရာတွင်ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့ မှာမူကား မတရားသဖြင့်အငြင်းအခုံပြုကြကုန်၏။ (သို့အငြင်းအခုံပြုကြခြင်းမှာ ၎င်းတို့သည် အငြင်းခုံမှုဖြင့် အမှန်တရားကို ချွတ်ချော်စေအံ့သောငှာ(ဖြစ်ပေသည်)။ ၎င်းပြင် ထိုသူတို့သည် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကိုလည်းကောင်း၊ မိမိတို့ သတိပေးနှိုးဆော်ခြင်း ခံကြရသည်များကိုလည်းကောင်း၊ ပြက်ရယ်ဖွယ်များပြုလုပ်ခဲ့ကြကုန်၏။
وَمَنْ أَظْلَمُ مِمَّنْ ذُكِّرَ بِآيَاتِ رَبِّهِ فَأَعْرَضَ عَنْهَا وَنَسِيَ مَا قَدَّمَتْ يَدَاهُ ۚ إِنَّا جَعَلْنَا عَلَىٰ قُلُوبِهِمْ أَكِنَّةً أَنْ يَفْقَهُوهُ وَفِي آذَانِهِمْ وَقْرًا ۖ وَإِنْ تَدْعُهُمْ إِلَى الْهُدَىٰ فَلَنْ يَهْتَدُوا إِذًا أَبَدًا
အမှန်စင်စစ်သော်ကား အကြင်သူထက် မတရား သောသူသည် မည်သူရှိအံ့နည်း။ ထိုသူသည် မိမိအားဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်၏ သက်သေလက္ခဏာတော်များဖြင့် ဆုံးမခြင်းကို ခံခဲ့ရသော်လည်း ထိုသူသည် ယင်းသက်သေလက္ခဏာတော်များမှမျက်နှာလွှဲခဲ့လေသည်။ ၎င်းပြင်ထိုသူသည် ၎င်း၏လက်နှစ်ဖက်က ကြိုတင်ပို့နှင့်ပြီးဖြစ် သည့်(ပြစ်မှုဒုစရိုက်)များကိုလည်း မေ့ပျောက်ခဲ့ပေသည်။ ဧကန်စင်စစ်ငါအရှင်မြတ်သည် ထို (ကဲ့သို့သော)သူတို့၏ စိတ်နှလုံးများပေါ်ဝယ်ထိုသူတို့သည်ယင်း(အမှန်တရား)ကို နားမလည်နိုင်ကြရန် အဖုံးအအုပ်များကိုလည်းကောင်း၊ ထိုသူတို့၏ နားပင်းမှုကို လည်းကောင်း၊ ပြုလုပ်တော်မူခဲ့၏။ စင်စစ် အကယ်၍အသင်သည် ၎င်းတို့အား တရားလမ်းမှန်သို့ ဖိတ်ခေါ် ငြားသော်လည်း ၎င်းတို့သည် ဤအခြေအနေတွင် မည်သည့်အခါ၌မျှပင်လမ်းမှန်ကိုအလျင်းရရှိကြမည် မဟုတ်ပေ။

Choose other languages: