Quran Apps in many lanuages:

Surah Al-Kahf Ayahs #110 Translated in Burmese

ذَٰلِكَ جَزَاؤُهُمْ جَهَنَّمُ بِمَا كَفَرُوا وَاتَّخَذُوا آيَاتِي وَرُسُلِي هُزُوًا
ဤသည် (ဝါ) ဂျဟန္နမ်ငရဲဘုံသည်ပင် ၎င်းတို့၏အကျိုးတည်း။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့ကား သွေဖည်ငြင်းပယ်ခဲ့ကြသည့်ပြင် ငါအရှင်မြတ် ၏သက်သေလက္ခဏာများကိုလည်းကောင်း၊ ငါအရှင် မြတ်၏ရစူလ်တမန်တော်များကိုလည်းကောင်း၊ ပြက်ရယ်ဖွယ်ရာများလည်း ပြုလုပ်ခဲ့ကြသောကြောင့်ပင်။
إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ كَانَتْ لَهُمْ جَنَّاتُ الْفِرْدَوْسِ نُزُلًا
ဧကန်မလွဲ အကြင်သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ကောင်း မြတ်သောအကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြကုန်၏။ ထိုသူတို့အဖို့ ဖစ်ရ်ဒေါက်စ်တည်း ဟူသောဥယျာဉ်သည် ဧည့်ခံရာဌာနအဖြစ် (အဆင်သင့်) ရှိကြပေသတည်း။
خَالِدِينَ فِيهَا لَا يَبْغُونَ عَنْهَا حِوَلًا
(ထိုသူတို့သည်) ယင်းဥယျာဉ်တွင် ထာဝစဉ်နေထိုင်သူများအဖြစ် (ဝင်ရောက်နေထိုင်ကြရပေမည်၊) ထိုသူတို့သည် ယင်းဥယျာဉ်များမှ လုံးဝရွှေ့ပြောင်းလိုကြမည် မဟုတ်ပေတကား။
قُلْ لَوْ كَانَ الْبَحْرُ مِدَادًا لِكَلِمَاتِ رَبِّي لَنَفِدَ الْبَحْرُ قَبْلَ أَنْ تَنْفَدَ كَلِمَاتُ رَبِّي وَلَوْ جِئْنَا بِمِثْلِهِ مَدَدًا
အို-(နဗီတမန်တော်) အသင်သည် (4င်းတို့အားဤသို့) ပြောကြားပါလေ။ (အချင်းတို့) အကယ်၍ ငါ့အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မုက္ခပါဌ်တော်များ(ကိုရေးသားရန်)အလို့ငှာ သမုဒ္ဒရာပင်လယ်(အားလုံးတို့) သည်ပင် မင်ရည်များဖြစ်ခဲ့ငြားအံ့။ ၎င်းပြင် အကယ်၍ ငါတို့သည်ယင်းပင်လယ်များကဲ့သို့ (အခြားပင်လယ်များ)ကိုပင် အကူအညီအဖြစ်(ထပ်မံ၍)ယူခဲ့အံ့ငြားသော်လည်း ငါ့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ မုက္ခပါဌ်တော်များကား ရေးသားကုန် ဆုံးခြင်းမရှိဘဲ၊ (ထိုထိုသော)သမုဒ္ဒရာ ပင်လယ်ရေများသည်သာလျှင် ကုန်ခန်း၍ သွားအံ့သတည်း။
قُلْ إِنَّمَا أَنَا بَشَرٌ مِثْلُكُمْ يُوحَىٰ إِلَيَّ أَنَّمَا إِلَٰهُكُمْ إِلَٰهٌ وَاحِدٌ ۖ فَمَنْ كَانَ يَرْجُو لِقَاءَ رَبِّهِ فَلْيَعْمَلْ عَمَلًا صَالِحًا وَلَا يُشْرِكْ بِعِبَادَةِ رَبِّهِ أَحَدًا
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့) ငါသည် အသင်တို့ကဲ့သို့ပင် လူသားတစ်ဦးမျှသာလျှင်ဖြစ်သည်။ အသင်တို့၏ ကိုးကွယ်ရာအရှင်မြတ်သည် တစ်ဆူတည်းသော ကိုးကွယ်ရာအရှင်မြတ်ပင် ဖြစ်တော်မူကြောင်း၊ ငါ့ထံသို့ ဝဟီအမိန့်တော်ကျရောက်လာ(ခြင်းသည်သာလျှင်ငါ၏ထူးခြားချက်ဖြစ်) ချေသည်။ သို့ဖြစ်ပေရာ မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့်တွေ့ဆုံရန် မျှော်လင့်လျက် ရှိသောသူသည်ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ရပေမည်။ ၎င်းပြင် ထိုသူသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အားခဝပ်ကိုးကွယ်ရာ၌ မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် တွဲဖက်ယှဉ်တွဲ (ကိုးကွယ်)ခြင်းမပြုရချေ။

Choose other languages: