Quran Apps in many lanuages:

Surah Al-Jumua Ayahs #10 Translated in Burmese

قُلْ يَا أَيُّهَا الَّذِينَ هَادُوا إِنْ زَعَمْتُمْ أَنَّكُمْ أَوْلِيَاءُ لِلَّهِ مِنْ دُونِ النَّاسِ فَتَمَنَّوُا الْمَوْتَ إِنْ كُنْتُمْ صَادِقِينَ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ အို-`ရေဝတီ` ဖြစ်ကြသောသူတို့၊ အကယ်၍ အသင်တို့သည် အခြားသူများမပါဘဲ မိမိတို့သည်သာလျှင် အလ္လာဟ်အရှင်မြတ်၏အချစ်တော်များ ဖြစ်ကြသည်ဟု ထင်မှတ်ကြလျှင်၊ အကယ်၍ အသင်တို့သည် (ယင်းသို့ ထင်မှတ်ပြောဆိုရာ၌)သစ္စာဝါဒီများ ဖြစ်ကြလျှင်၊ ‘မရဏ’ သေခြင်းတရားကို တောင့်တ ဆန္ဒပြုကြလေကုန်။
وَلَا يَتَمَنَّوْنَهُ أَبَدًا بِمَا قَدَّمَتْ أَيْدِيهِمْ ۚ وَاللَّهُ عَلِيمٌ بِالظَّالِمِينَ
သို့ရာတွင် ၎င်းတို့သည် မိမိတို့၏လက်များက တင်ကြိုပို့နှင့်ခဲ့သော အကျင့်အမူတို့ကြောင့် ယင်း ‘မရဏ’ သေခြင်းတရားကို မည်သည့်အခါမျှပင် တောင့်တ ဆန္ဒပြုကြမည်မဟုတ်ပြီ။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် မတရားသောသူတို့အား ကောင်းစွာ သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
قُلْ إِنَّ الْمَوْتَ الَّذِي تَفِرُّونَ مِنْهُ فَإِنَّهُ مُلَاقِيكُمْ ۖ ثُمَّ تُرَدُّونَ إِلَىٰ عَالِمِ الْغَيْبِ وَالشَّهَادَةِ فَيُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) အသင်တို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသော ‘မရဏ’ သေခြင်းတရားမှာ ဧကန်မလွဲ အသင်တို့နှင့် တွေ့ဆုံမည်ပင်ဖြစ်၏။ ထို့နောက် အသင်တို့သည် လျှို့ဝှက်စွာ ရှိသည်တို့ကိုလည်းကောင်း၊ ထင်ရှားစွာ ရှိသည်တို့ကိုလည်းကောင်း၊ အကြွင်းမဲ့ သိတော်မူသော အရှင်မြတ်အထံတော်သို့ ပြန်လည်ရောက်စေခြင်းကို ခံကြရပေမည်။ ထိုအခါ ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့ ကျင့်မူခဲ့ကြသည်တို့ကို သိစေတော်မူအံ့သတည်း။
يَا أَيُّهَا الَّذِينَ آمَنُوا إِذَا نُودِيَ لِلصَّلَاةِ مِنْ يَوْمِ الْجُمُعَةِ فَاسْعَوْا إِلَىٰ ذِكْرِ اللَّهِ وَذَرُوا الْبَيْعَ ۚ ذَٰلِكُمْ خَيْرٌ لَكُمْ إِنْ كُنْتُمْ تَعْلَمُونَ
အို-`မုအ်မင်န်` သက်ဝင်ယုံကြည်သူအပေါင်းတို့(ဂျူမုအဟ်)သောကြာနေ့တွင် ‘ဆွလာတ်’ ဝတ်ပြု အံ့သောငှာ’အဇာန်’ပေးသောအခါ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား တသ သတိရရှိရာသို့ အဆောတလျင် သွားကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ရောင်းဝယ်မှုကို စွန့်လွှတ်ကြလေကုန်။ အသင်တို့ သိရှိကြသည်ဖြစ်မူ အသင်တို့အဖို့ အကောင်းဆုံးပင်။
فَإِذَا قُضِيَتِ الصَّلَاةُ فَانْتَشِرُوا فِي الْأَرْضِ وَابْتَغُوا مِنْ فَضْلِ اللَّهِ وَاذْكُرُوا اللَّهَ كَثِيرًا لَعَلَّكُمْ تُفْلِحُونَ
ထို့နောက် ‘ဆွလာတ်’ ဝတ်ပြုမှု ပြီးဆုံးခဲ့သောအခါ အသင်တို့သည် ပထဝီမြေဝယ် အနှံ့အပြား သွားလာကြလျက် အလ္လာဟ်အရှင်မြတ်၏ကျေးဇူး တော်တည်းဟူသော ရိက္ခာကို ဖွေရှာဆည်းပူးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား များစွာ တသ သတိရလျက် ရှိကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြကုန် အံ့သတည်း။

Choose other languages: