Quran Apps in many lanuages:

Surah Al-Jumua Ayahs #4 Translated in Burmese

يُسَبِّحُ لِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ الْمَلِكِ الْقُدُّوسِ الْعَزِيزِ الْحَكِيمِ
မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည်လည်းကောင်း၊ စိုးမိုးအုပ်ချုပ်တော်မူသော၊ စင်ကြယ်သန့်ရှင်း အပြစ်ကင်းတော်မူသော၊အလွန်တရာ ခန့်ညားတော်မူသော၊ လွန်စွာ နူးညံ့သိမ်မွေ့သော၊ ဆင်ခြင်တုံတရားနှင့် ပြည့် စုံတော်မူသော အလ္လာဟ်အရှင်မြတ်၊ စင်ကြယ်သန့်ရှင်းတော်မူကြောင်းကို မြွက်ဆိုလျက် ရှိကြကုန်၏။
هُوَ الَّذِي بَعَثَ فِي الْأُمِّيِّينَ رَسُولًا مِنْهُمْ يَتْلُو عَلَيْهِمْ آيَاتِهِ وَيُزَكِّيهِمْ وَيُعَلِّمُهُمُ الْكِتَابَ وَالْحِكْمَةَ وَإِنْ كَانُوا مِنْ قَبْلُ لَفِي ضَلَالٍ مُبِينٍ
ထိုအရှင်မြတ်သည်ပင် စာပေမတတ်သော သူတို့ထံ ၎င်းတို့အနက်မှပင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော်မူခဲ့၏။ ထိုရစူလ်တမန်တော်သည် ၎င်းတို့ရှေ့ဝယ် ထိုအရှင်မြတ်၏အာယတ်တော်များကို ဖတ်ကြားလေ၏။ ထို့ပြင် ၎င်းတို့အား စင်ကြယ်သန့်ရှင်းအောင် ပြုလုပ်လေ၏။ ထိုမှတစ်ပါး ထိုသူတို့အား ကျမ်းဂန်ကိုလည်းကောင်း၊ ဉာဏ်ပညာကိုလည်းကောင်း၊ သင်ကြားပို့ချလေ၏။ စင်စစ်မှာမူကား ၎င်းတို့သည် ယခင်က ထင်ရှားစွာသော လမ်းမှားမှု၌ပင် ရှိနေခဲ့ကြကုန်၏။
وَآخَرِينَ مِنْهُمْ لَمَّا يَلْحَقُوا بِهِمْ ۚ وَهُوَ الْعَزِيزُ الْحَكِيمُ
ထိုမှတစ်ပါး (ထိုအရှင်မြတ်သည်) ၎င်းတို့အနက်မှ ၎င်းတို့နှင့် လာရောက်ပူးပေါင်းခြင်း မရှိကြသေးသောသူတို့အဖို့လည်း(ထိုရစူလ်တမန်တော်အား စေလွှတ်တော်မူခဲ့၏)။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် လွန်စွာ ခန့်ညားတော်မူသောအရှင်၊ လွန်စွာ နူးညံ့သိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင်။
ذَٰلِكَ فَضْلُ اللَّهِ يُؤْتِيهِ مَنْ يَشَاءُ ۚ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ
ထိုသည်ကား အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ပင်၊ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား ယင်းကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူ၏။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် ကြီးကျယ်သော ကျေးဇူးတော်ကို ပိုင်ဆိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

Choose other languages: