Quran Apps in many lanuages:

Surah Al-Isra Ayahs #4 Translated in Burmese

سُبْحَانَ الَّذِي أَسْرَىٰ بِعَبْدِهِ لَيْلًا مِنَ الْمَسْجِدِ الْحَرَامِ إِلَى الْمَسْجِدِ الْأَقْصَى الَّذِي بَارَكْنَا حَوْلَهُ لِنُرِيَهُ مِنْ آيَاتِنَا ۚ إِنَّهُ هُوَ السَّمِيعُ الْبَصِيرُ
အကြင်အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူ၏။ ထိုအရှင်မြတ်သည် တစ်ည၌ မိမိကျွန်(နဗီတမန်တော်မုဟမ္မဒ်)အားမတ်စ်ဂျစ်ဒ်ဒေဟရာမ်ထူးမြတ်သော ဗလီဝတ်ကျောင်းတော်မှ ထိုကျွန် (နဗီတမန်တော် မုဟမ္မဒ်)အား မိမိ၏အချို့သက်သေ လက္ခဏာတော်များကို ပြသတော်မူအံ့သောငှာအကြင်မတ်စ်ဂျစ်ဒ်ဒေအတ်က်ဆွာ (အလွန်ဝေးလံလှသော)ဗလီဝတ်ကျောင်းတော်သို့ ခေါ်ဆောင်၍ သွားခဲ့တော်မူ၏။ ငါအရှင်မြတ်သည် ထိုဗလီဝတ်ကျောင်းတော် ၏ပတ်ဝန်းကျင်ကိုဗရ်ကတ်သုခချမ်းသာမင်္ဂလာနှင့်ပြည့်စေတော်မူခဲ့၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည်ပင်လျှင် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ ခွဲခြားသိမြင်တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
وَآتَيْنَا مُوسَى الْكِتَابَ وَجَعَلْنَاهُ هُدًى لِبَنِي إِسْرَائِيلَ أَلَّا تَتَّخِذُوا مِنْ دُونِي وَكِيلًا
စင်စစ် ငါအရှင်မြတ်သည် (နဗီတမန်တော်)မူစာအား ကျမ်းဂန်ဒေသနာတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ယင်းကျမ်းဂန်ဒေသနာတော်ကို အစ္စရာအီလီမျိုးနွယ်အဖို့ အသင်တို့သည်ငါအရှင်မြတ်မှတစ်ပါး အခြားမည်သည့် တစ်စုံတစ်ရာကိုမျှ အားကိုးအားထားရာမပြုလုပ်ကြကုန်လင့်ဟူ၍ တရားလမ်းညွှန်ပြုတော် မူခဲ့လေသည်။
ذُرِّيَّةَ مَنْ حَمَلْنَا مَعَ نُوحٍ ۚ إِنَّهُ كَانَ عَبْدًا شَكُورًا
အို-အကြင်သူတို့၏ သားမြေးအပေါင်းတို့၊ ငါအရှင်မြတ်သည် ထိုသူတို့အား (နဗီတမန်တော်)နူဟ် နှင့်အတူ(သင်္ဘောပေါ်သို့)တင်ဆောင်တော်မူခဲ့လေသည်။ (အသင်တို့သည် အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းဖြစ်တော်မူကြောင်းကိုသက်ဝင်ယုံကြည်ကြလေကုန်။ မလွဲဧကန် ထို(နဗီတမန်တော်)နူဟ်သည် ကျေးဇူးတော်ကို အလွန်သိတတ်သော ကျွန်တစ်ပါးဖြစ်ခဲ့ပေသတည်း။
وَقَضَيْنَا إِلَىٰ بَنِي إِسْرَائِيلَ فِي الْكِتَابِ لَتُفْسِدُنَّ فِي الْأَرْضِ مَرَّتَيْنِ وَلَتَعْلُنَّ عُلُوًّا كَبِيرًا
စင်စစ်သော်ကား ငါအရှင်မြတ်သည် အစ္စရာအီလီမျိုးနွယ်တို့ထံ(သောင်ရာတ်)ကျမ်းတော်၌(�သို့)စီရင်ပြဋ္ဌာန်း(ချက်ကိုပေးပို့)တော်မူခဲ့လေသည်။ (အို-အီစ်ရာအီလီမျိုးနွယ်တို့၊) မုချစင်စစ် အသင်တို့သည် တိုင်းပြည်တွင် နှစ်ကြိမ်တိုင်တိုင် ပျက်စီးရာ ပျက်စီးကြောင်းကို ပြုလုပ်ကြပေမည်။ ထိုမှတစ်ပါး ဧကန်မလွဲ အသင်တို့သည် အကြီးအကျယ် ရက်စက်စွာအုပ်စိုးမှုဖြင့်လည်း အုပ်စိုးကြပေမည်။

Choose other languages: