Quran Apps in many lanuages:

Surah Al-Insan Ayahs #30 Translated in Burmese

وَمِنَ اللَّيْلِ فَاسْجُدْ لَهُ وَسَبِّحْهُ لَيْلًا طَوِيلًا
တစ်ဖန် အသင်သည် ညဉ့်၏အစိတ်အပိုင်း တစ်ခုခု၌လည်း ထိုအရှင်မြတ်အား "စဂျ်ဒဟ်" ပျပ်ဝပ်ဦးချပါလေ။ ထိုမှတစ်ပါး အသင်သည် ညဉ့်၏ရှည်လျားစွာသော အစိတ်အပိုင်း၌ ထိုအရှင်မြတ် စင်ကြယ် သန့်ရှင်းတော်မူကြောင်းကို မြွက်ဆိုပါလေ။
إِنَّ هَٰؤُلَاءِ يُحِبُّونَ الْعَاجِلَةَ وَيَذَرُونَ وَرَاءَهُمْ يَوْمًا ثَقِيلًا
စင်စစ်ဧကန် ဤသူတို့ကား လောကီဘဝကို နှစ်သက်ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ခက်ခဲကြီးလေး လှစွာသော နေ့တစ်နေ့ကိုမူ မိမိတို့၏ နောက်တွင် စွန့်ပစ်၍ထားကြကုန်၏။ (တစ်နည်း)သို့ရာတွင် မိမိတို့ရှေ့၌ (ကြုံကြိုက်အံ့သော)ခက်ခဲလေးလံစွာသော နေ့တစ်နေ့ကိုမူ ၎င်းတို့သည် စွန့်ထားကြကုန် ၏။ (လျစ်လျူပြုထားကြ၏။)
نَحْنُ خَلَقْنَاهُمْ وَشَدَدْنَا أَسْرَهُمْ ۖ وَإِذَا شِئْنَا بَدَّلْنَا أَمْثَالَهُمْ تَبْدِيلًا
ငါအရှင်မြတ်သည်ပင် ၎င်းတို့အား ဖန်ဆင်းတော်မူခဲ့သည့်ပြင် ငါအရှင်မြတ်သည်ပင် ၎င်းတို့၏ (ခန္ဓာကိုယ်၏) အဆစ်အဆက် အဆစ်အပိုင်းတို့ကို (အကြောအခြင်များဖြင့် ချည်နှောင်၍) ခိုင်ခံ့တော်မူစေခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အလိုရှိတော်မူသောအခါဝယ် ၎င်းတို့၏အစား ၎င်းတို့ကဲ့သို့ သောသူတို့အား လဲလှယ်တော်မူပေမည်။
إِنَّ هَٰذِهِ تَذْكِرَةٌ ۖ فَمَنْ شَاءَ اتَّخَذَ إِلَىٰ رَبِّهِ سَبِيلًا
ဧကန်မလွဲ ဤ "စူရဟ်" ကဏ္ဍသည် ဆုံးမဩဝါဒပင်ဖြစ်၏။ သို့ဖြစ်ပေရာ မည်သူမဆို အလိုရှိပါလျင် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင် မြတ်အထံတော်သို့ (သွားရာ)လမ်းကို ရွေးချယ်ရမည်သာ။
وَمَا تَشَاءُونَ إِلَّا أَنْ يَشَاءَ اللَّهُ ۚ إِنَّ اللَّهَ كَانَ عَلِيمًا حَكِيمًا
စင်စစ် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မမူဘဲ အသင်တို့သည် အလိုရှိနိုင်ကြမည်မဟုတ်ပေ။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် (အရာခပ် သိမ်းတို့ကို) အကြွင်းမဲ့သိတော်မူသောအရှင်၊ နက်နဲ သိမ်မွေ့သောဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

Choose other languages: