Quran Apps in many lanuages:

Surah Al-Infitar Ayahs #19 Translated in Burmese

يَصْلَوْنَهَا يَوْمَ الدِّينِ
၎င်းတို့သည် ထို `ဂျဟန္နမ်` ငရဲသို့ အစားပေးမည့်နေ့တွင် ဝင်ကြရပေမည်။
وَمَا هُمْ عَنْهَا بِغَائِبِينَ
ထို့ပြင် ၎င်းတို့သည် ယင်းငရဲမှ ခွဲခွာမည့်သူများ၊(ထွက်ရမည့်သူများ) မဟုတ်ကြချေ။
وَمَا أَدْرَاكَ مَا يَوْمُ الدِّينِ
စင်စစ် အစားပေးမည့်နေ့သည် အဘယ်ကဲ့သို့သော နေ့ပါနည်းဟု အသင်သိပါသလော။
ثُمَّ مَا أَدْرَاكَ مَا يَوْمُ الدِّينِ
တစ်ဖန် အစားပေးမည့်နေ့သည် အဘယ်ကဲ့သို့သော နေ့ဖြစ်သည်ကို အသင်သိပါသလော။
يَوْمَ لَا تَمْلِكُ نَفْسٌ لِنَفْسٍ شَيْئًا ۖ وَالْأَمْرُ يَوْمَئِذٍ لِلَّهِ
(ထိုနေ့သည်ကား) မည်သူမျှပင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ လုံးဝ အကျိုးပြုပိုင်ခွင့် မရှိသောနေ့ပင်။ထိုနေ့တွင်ကား အမိန့်အာဏာ အလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ်၌သာ ရှိကုန်အံ့သတည်း။

Choose other languages: