Quran Apps in many lanuages:

Surah Al-Hijr Ayahs #89 Translated in Burmese

وَمَا خَلَقْنَا السَّمَاوَاتِ وَالْأَرْضَ وَمَا بَيْنَهُمَا إِلَّا بِالْحَقِّ ۗ وَإِنَّ السَّاعَةَ لَآتِيَةٌ ۖ فَاصْفَحِ الصَّفْحَ الْجَمِيلَ
စင်စစ်သော်ကား ငါအရှင်မြတ်သည် မိုးကောင်ကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ထိုမြေနှင့်မြေစပ်ကြား၌ရှိရှိသမျှတို့ကိုလည်းကောင်း၊ (အကြောင်းမဲ့မဟုတ်) မှန်ကန်သောရည်ရွယ်ချက်နှင့်တကွ ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ဧကန်မလွဲ (ငါအရှင်မြတ် သတ်မှတ်ထားတော်မူသော) ကိယာမတ်သည် မုချဆိုက်ရောက်လာမည်ဖြစ်ပေသည်။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့၏နှောက်ယှက်မှုများကို) ကောင်းမွန်စွာ ခွင့်လွှတ်ခြင်းနည်းမျိုးနှင့် ခွင့်လွှတ်ပါလေ။
إِنَّ رَبَّكَ هُوَ الْخَلَّاقُ الْعَلِيمُ
မလွဲဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်၊ ထိုအရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကိုအကြွင်းမဲ့ သိတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
وَلَقَدْ آتَيْنَاكَ سَبْعًا مِنَ الْمَثَانِي وَالْقُرْآنَ الْعَظِيمَ
၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား အဖန်တလဲလဲ (ရွတ်ဖတ်သရဇ္ဈာယ်ရ)သော (အာယတ်တော်)ခုနစ်ပါးကိုလည်းကောင်း၊ ကြီး ကျယ်မြင့်မြတ်လှစွာသောကုရ်အာန်ကျမ်းတော်မြတ်ကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။
لَا تَمُدَّنَّ عَيْنَيْكَ إِلَىٰ مَا مَتَّعْنَا بِهِ أَزْوَاجًا مِنْهُمْ وَلَا تَحْزَنْ عَلَيْهِمْ وَاخْفِضْ جَنَاحَكَ لِلْمُؤْمِنِينَ
ငါအရှင်မြတ်သည် ယင်း(ကာဖိရ်)တို့အနက်မှ၊အမျိုးမျိုးအစားစားတို့အား အကျိုးခံစားခွင့်ပေးတော် မူသောဥစ္စာပစ္စည်းများဘက်သို့(မိမိ၏မျက်စိအစုံဖြင့်မော်၍ပင်၏မကြည့်ပါလေနှင့်)။ မိမိမျက်စိနှစ်လုံးကိုလှည့်၍ပင် အသင် မကြည့်ပါလေနှင့်။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့နှင့်ပတ်သက်၍ဝမ်းနည်းပူဆွေး ခြင်းကိုလည်း မပြုပါလေနှင့်။ ထိုပြင် အသင်သည် မိမိပခုံးကို မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အဖို့ နှိမ့်ချပါလေ၊ (ဝါ-၎င်းတို့အား သနားကြင်နာပါလေ)။
وَقُلْ إِنِّي أَنَا النَّذِيرُ الْمُبِينُ
ထိုမှတစ်ပါး အသင်သည် (ယင်းကာဖိရ်သွေဖည်ငြင်းပယ်သူတို့အား) ဧကန်အမှန် ငါသည် ထင်ရှားစွာသောသတိပေးနှိုးဆော်သူပင်ဖြစ်သည်ဟု (အတိအလင်း) ပြောကြားလေလော့။

Choose other languages: